ဒေါ်အောင်ဆန်းစုကြည် မဟာချိုင်မှာ အလုပ်သမားတွေ နဲ့ တွေ့ဆုံမည်


2016.06.21

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လာမယ့် ဇွန်လ ၂၃ ရက်နေ့ညနေမှာ တွေ့ဆုံမှာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် မြန်မာအလုပ်သမားတွေ အဆင်ပြေစေဖို့အတွက် အလုပ်သမား အရေး အကူအညီပေးနေတဲ့ အဖွဲ့ ၁၃ ဖွဲ့က တာဝန် ယူဆောင်ရွက်မှာဖြစ်ပါတယ်။ အလုပ်သမားတွေနဲ့ တွေ့ဆုံပွဲဖြစ်အောင် ဝိုင်းဝန်းစီစဉ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။