သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-25
တနင်္သာရီတိုင်းဒေသကြီးအတွင်းက စိုက်ပျိုးမြေတွေမှာ လုပ်ပိုင်ခွင့် လျှောက်ထားပြီး သတ်မှတ်ကာလ ၄ နှစ်အတွင်း မစိုက်ပျိုးထားတဲ့ မြေဧက ၁ သိန်းခွဲလောက်ကို လုပ်ငန်းလုပ်ပိုင်ခွင့် ပြန်သိမ်းမှာ ဖြစ်တယ်လို့ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ပြောပါတယ်။
2017-09-24
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြတဲ့ မွတ်စလင်ဒုက္ခသည်တွေထဲက အမျိုးသမီး ဆယ်ဂဏန်းလောက်ဟာ တပ်မတော်သားတချို့ရဲ့ အဓ္ဓမပြုကျင့်မှုကို ခံထားရတယ်လို့ ကုလသမဂ္ဂ ကျန်းမာရေး ဝန်ထမ်းတွေရဲ့ ထုတ်ဖေါ်ပြောဆို ချက်တွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဒီကနေ့ ရေးသားလိုက်ပါတယ်။
2017-09-24
ရှမ်းပြည်နယ် လင်းခေးခရိုင်နဲ့ ထိုင်းနိုင်ငံ နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်း ၆ ခုက ရှမ်းပြည်နယ်က စစ်ဘေးဒုက္ခသည် ၆၀၀၀ ကျော်ကို ကူညီထောက်ပံ့ပေးနေတဲ့ နိုင်ငံတကာအလှူရှင်တွေဟာ အောက်တိုဘာ လကုန်မှာ ထောက်ပံ့မှု ရပ်ဆိုင်းသွားမယ်လို့ စခန်းတွေကို အကြောင်းကြားထားပါတယ်။
2017-09-23
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာဓာတ်ပုံ သတင်း ထောက်နှစ်ဦးကို ကော့ဘ်ဇက်ဘဇားတရားရုံးက မနေ့က အာမခံပေးလိုက်တယ်လို့ သူတို့နှစ်ဦးကို ကူညီပေးနေတဲ့ သတင်းထောက် မအက်စတာထုဆမ် က ပြောပါတယ်။
2017-09-23
ကချင်ပြည်နယ် ပူတာအိုခရိုင်က ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း စတုရန်းမိုင် ၁၃၀၀ ကျော် ဧကအားဖြင့် ၉၀၀၀၀၀ နီးပါး ရှိတဲ့ တိုးချဲ့နယ်မြေကို UNSECO အဖွဲ့ရဲ့ သဘာဝအမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်နေပါတယ်။
2017-09-23
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ် တကောင်းနီကယ်စက်ရုံကနေ စွန့်ပစ်တဲ့ မြေတွေဖုံးလွှမ်းပြီး ပျက်စီးခဲ့တဲ့ စိုက်ပျိုးမြေဧက ၄၅၀ ကျော် အတွက် လျော်ကြေးပေးဖို့ မြေဖုံးလွှမ်းခံရတဲ့ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေ သကြီးက တောင်သူ ၁၅ဝ ကျော်က ဒီကနေ့ ဆန္ဒပြကြပါတယ်။
2017-09-22
ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံလိုကြောင်း နိုင်ငံရေးပါတီ ၂၉ ပါတီက စာရေးသားတင်ပြထားပေမယ့် အကြောင်းပြန်ချက် မရသေးကြောင်း သိရပါတယ်။
2017-09-21
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲတွေကို အခုလအတွင်း ရန်ကုန်နဲ့ နေပြည်တော်မြို့တွေမှာ ပြုလုပ်ခဲ့သလို ဒီကနေ့လည်း နေပြည်တော်က ပုဗ္ဗသီရိမြို့နယ်မှာ ပြုလုပ်ပါတယ်။
2017-09-21
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလိုတော်ပြည့်ကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေကို ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။
2017-09-21
အစိုးရ အကူးအပြောင်းမှာ စာရင်းပျောက်နေခဲ့တဲ့ မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံ ကျော်ထဲက ၃ ဘီလီယံကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ က မကွေးတိုင်းဒေသကြီး အစိုးရထံ ပြန်လည်ပေးအပ်ပြီး အဲဒီ ၃ဘီလီယံကျော်ကို မကွေးတိုင်းအတွင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားဖို့ လွှတ်တော်က ခွင့်ပြုပြီး ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးနေမျိုးကျော်ကပြောပါတယ်။
2017-09-21
မြစ်သာမြစ်ရေ မြင့်တက်နေတာကြောင့် ကလေးမြို့နယ်နဲ့ တမူးမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် လမ်းတံတား ပျက်စီးမှုတွေဖြစ်နေပြီး လူဦးရေ ၂၈၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွေ့ပေးထားရပါတယ်။
2017-09-20
လွှတ်တော်ကိုယ်စားလှယ်တွေကို အပြင်ပေါက်ဈေးထက် ဈေးလျှော့ပြီး အရစ်ကျနဲ့ ကားတွေရောင်းချပေးမယ်ဆိုပြီး တရုတ်နိုင်ငံက ကားကုမ္ပဏီတစ်ခုက လာရောက်ကမ်းလှမ်းထားတာကို လက်မခံဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် က ငြင်းဆိုထားပါတယ်။
2017-09-17
ရခိုင်ပြည်နယ် မောင်တောဒေသမှာ နယ်မြေတည်ငြိမ်မှုမရှိသေးတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေတဲ့ အခြေအနေကို ပုံမှန်ပြန်ဖြစ်အောင် ကြိုးပမ်းနေပြီး မကြာခင်မှာ ကုန်သွယ်ရေးဟာ အရင်အတိုင်း လည်ပတ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း က ပြောပါတယ်။
2017-09-17
ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILOရဲ့ စံနှုန်းအတိုင်း တစ်နေ့အနည်းဆုံးလုပ်အားခ ဘတ် ၇၀၀ ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် MWRN အဖွဲ့ နဲ့ ထိုင်းအလုပ်သမားသမဂ္ဂအဖွဲ့ချုပ်က ထိုင်းနိုင်ငံအစိုးရထံ တောင်းဆိုလိုက်ပါတယ်။
2017-09-16
ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီ ပွန်ဒေသကို ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ စက် သုံးဆီတွေအများအပြားသယ်ယူပို့ဆောင်နေ မှုကို တားမြစ် စစ်ဆေးမှုတွေပြုလုပ်နေရာမှာ ဒေသခံ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် လူတစ်ဦးကို ဆန် ၁၀ အိတ်အထိ သယ်ယူခွင့် ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။