မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ စိစစ်


2017.09.21

အစိုးရ အကူးအပြောင်းမှာ စာရင်းပျောက်နေခဲ့တဲ့ မကွေးတိုင်းဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ၇ ဘီလီယံ ကျော်ထဲက ၃ ဘီလီယံကျော်ကို ဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ က မကွေးတိုင်းဒေသကြီး အစိုးရထံ ပြန်လည်ပေးအပ်ပြီး အဲဒီ ၃ဘီလီယံကျော်ကို မကွေးတိုင်းအတွင်းက ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးစွဲသွားဖို့ လွှတ်တော်က ခွင့်ပြုပြီး ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးနေမျိုးကျော်ကပြောပါတယ်။

ကျန်ရှိတဲ့ ၄ ဘီလီယံကျော်ကိုလည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ တကယ်သုံးစွဲခြင်းရှိမရှိ စိစစ်တာ တွေဆောင်ရွက်နေတယ်လို့ ဝန်ကြီး ဦးနေမျိုးကျော်က ပြောပါတယ်။

ဝန်ကြီး ဦးနေမျိုးကျော် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။