တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ မောင်တော ဒေသခံတွေ တွေ့ဆုံ


2017.09.21

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အလိုတော်ပြည့်ကျောင်းမှာ လာရောက်ခိုလှုံနေတဲ့ ဒေသခံတွေကို ဒီနေ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာက လုံခြုံရေးချထားတဲ့စစ်တပ်ကို ရုပ်သိမ်းဖို့ ဖိအားပေးတာတွေရှိနေတဲ့အပေါ် လုပ်ဆောင်ရတာ အကြပ်အတည်းဖြစ်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ဒီနေ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မောင်တောမြို့ခံ ဦးဝေဟင်အောင် က ပြောပါတယ်။

မောင်တောမြို့၊ ဝေဟင်အောင်ပရဟိတဖောင်ဒေးရှင်း တည်ထောင်သူ ဦးဝေဟင်အောင် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။