USDP ပါတီရဲ့ ရခိုင်ပြည်နယ် အရေး ဆွေးနွေးပွဲအကြောင်း မေးမြန်းချက်
2017.09.21
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီအနေနဲ့ ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲတွေကို အခုလအတွင်း ရန်ကုန်နဲ့ နေပြည်တော်မြို့တွေမှာ ပြုလုပ်ခဲ့သလို ဒီကနေ့လည်း နေပြည်တော်က ပုဗ္ဗသီရိမြို့နယ်မှာ ပြုလုပ်ပါတယ်။ ရခိုင်အရေးဟာ အမျိုးသားရေးဖြစ်တဲ့အတွက် ဆွေးနွေးပွဲတွေကို ပြုလုပ်ရတာဖြစ်ကြောင်းနဲ့ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကို အစိုးရ၊ တပ်မတော်နဲ့အတူ နိုင်ငံရေးပါတီ အဖွဲ့အစည်းအသီးသီးတို့ ပူးပေါင်းပါဝင် လုပ်ဆောင်သွားဖို့လိုကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။