နန်စီပွန်ဒေသ စားနပ်ရိက္ခာ သယ်ယူခွင့်အကြောင်း မေးမြန်းချက်


2017.09.16

ပြီးခဲ့တဲ့စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် နန်စီပွန်ဒေသကို ဆန်၊ ဆီ အစရှိတဲ့ စားနပ်ရိက္ခာတွေနဲ့ စက် သုံးဆီတွေအများအပြားသယ်ယူပို့ဆောင်နေမှုကို တားမြစ် စစ်ဆေးမှုတွေပြုလုပ်နေရာမှာ ဒေသခံ လုပ်ငန်းရှင်တွေရဲ့ တောင်းဆိုမှုကြောင့် လူတစ်ဦးကို ဆန် ၁၀ အိတ်အထိ သယ်ယူခွင့် ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

နန်စီပွန်ဒေသကို စားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့် ကန့်သတ်ထားရှိမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ခန္တီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေး ကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။