သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-03
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ထမ့်လုံခွန်နမ့် လိုဏ်ဂူထဲမှာ ၁ဝ ရက်ကြာ ပိတ်မိနေတဲ့ အားကစားနည်းပြ ၁ ဦးနဲ့ အသင်းသား လူငယ် ၁၂ ဦးကို လတ်တလောမှာ ဂူအပြင်ထုတ်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ဂူထဲမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ စီစဉ်ထားတယ်လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။
2018-07-02
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်း နယ်မြေမှာ စက်ယန္တရားကြီးတွေနဲ့ ကျောက်စိမ်း အလွန်အကျွံ တူးဖော်တဲ့အတွက် နှစ်စဉ်လိုလို မိုးရာသီရောက်တိုင်း ဥရုချောင်းရေကြီး ပြီး နေအိမ်တွေ ရေနစ်မြုပ်လေ့ရှိသလို၊ စာသင်ကျောင်းတွေလည်း ယာယီပိတ်ရတာတွေ ရှိနေပါတယ်။
2018-07-02
ရှမ်းပြည်နယ်မှာ တရားမဝင် ကုန်သွယ်မှုတွေကို တားဆီးဖို့အတွက် အထူးအဖွဲ့တဖွဲ့ကို အစိုးရဌာနဆိုင်ရာ အသီးသီးပါဝင်တဲ့ အဖွဲ့ဝင် ၇ ယောက်နဲ့ ဖွဲ့စည်းထားတယ်လို့ ရှမ်းပြည်နယ် ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်ပ်လုံက ပြောပါတယ်။
2018-07-02
ထိုင်းနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို အရေးယူတဲ့စီမံချက်ကို ဇူလိုင်လ ၁ ရက်နေ့မှာ စတင်နေပြီဖြစ်ပြီး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
2018-07-02
အစိုးရလျှို့ဝှက်ချက် ပုဒ်မ ၃ (၁) (ဂ) နဲ့ အမှုဖွင့် တရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဆီက စာရွက်စာတမ်းတွေဟာ ရဲတွေလက်ထဲကရပြီး မိနစ်ပိုင်းအတွင်း သိမ်းဆည်းခံလိုက်ရတာတွေဖြစ်ပြီး သူတို့ဖုန်းတွေထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေ ထဲမှာလည်း နိုင်ငံတော်လျှို့ဝှက်ချက် တခုမှ မပါဝင်ဘူးဆိုတာကို ဒီကနေ့ရုံးချိန်းမှာ အဓိက လျှောက်လဲခဲ့တယ်လို့ သတင်းထောက် ၂ ယောက်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
2018-07-02
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအနီးကို မြန်မာဘက်ခြမ်းက ချောင်းရေ ဆက်စပ်ပြီး စီးဆင်းမှုရှိရင် ရေလမ်းကြောင်းလွဲှပေးဖို့ ထိုင်းအစိုးရဘက်က အကူ အညီတောင်းလာတဲ့အတွက် ပူးပေါင်းဆောင်ရွက်ထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်ပ်လုံ က ပြောပါတယ်။
2018-07-02
ထိုင်းလူငယ် ၁၃ ယောက် ပျောက်ဆုံးသွားတဲ့ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအနီးမှာ ဒီနေ့ ၉ရက်မြောက်နေ့ ရှာဖွေရေးဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေ ရှာဖွေရေးအခြေအနေ ရှင်းလင်းချက်ကို အဲဒီနေရာမှာ ရောက်ရှိနေတဲ့ တာချီလီတ်ဒေသခံ ကိုစည်သူမောင် ကို RFA သတင်းထောက် မသက်စုအောင် က ဆက်သွယ်မေးမြန်း ထားပါတယ်။
2018-07-01
တာချီလိတ်ခရိုင် ကြက်ခြေနီ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့က အင်အား ၅ဝ လောက်ဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ပိတ်မိနေတဲ့ လူငယ် ၁၃ ယောက်ကို ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်နေ့ကစပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်က လှိုဏ်ဂူတွေမှာ ရှာဖွေရေးဆောင်ရွက်နေပါတယ်။
2018-06-30
မလေးရှားနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း ဖမ်းဆီးရမိသူ ၄ ဦးကို ရန်ကုန်နဲ့ ထားဝယ်က တရားရုံးတွေမှာ မနေ့က တရားစွဲဆိုလိုက်ပါတယ်။
2018-06-29
လာမယ့် ၂၁ ရာစုပင်လုံညီလာခံအစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပနိုင်ဖို့ UPDJC အစည်းအဝေးကို ဇွန်လ ၂၉ ရက်နေ့က နေပြည်တော် NRPC ခန်းမမှာ ပြုလုပ်ခဲ့ပါတယ်။
2018-06-29
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂ဝ၁၈ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာ မြန်မာနိုင်ငံကို လူမှောင်ခိုကူးမှု အဆိုးဝါးနိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်။ လူမှောင်ခိုကူးမှု အဆိုးဝါးဆုံး အဆင့် (၃) စာရင်းထဲမှာ မြန်မာနိုင်ငံနဲ့အတူ အီရန်၊ တရုတ်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေကို ထည့်သွင်းဖော်ပြထားပြီး မြန်မာအစိုးရအနေနဲ့ လူမှောင်ခိုကူးမှုပပျောက်ရေး ဆောင်ရွက်ရာမှာ အားနည်းတယ်လို့ ဖော်ပြထားပါတယ်။
2018-06-28
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တအာင်းပလောင်ဒေသက မန်နိမ်အွမ်ရွာကို ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၈ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားပါတယ်။
2018-06-28
ရခိုင်ပြည်နယ်က လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေမှာ မြန်မာ့တပ်မတော်က တာဝန်ရှိတယ် ဆိုတဲ့အကြောင်း Amnesty International အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။
2018-06-28
မြေယာအငြင်းပွားမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်သူလယ်သမားတွေနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ပူးပေါင်းပြီး ဇွန်လ ၃ဝ ရက်၊ ခုလာမယ့်စနေနေ့မှာ ချီတက်ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2018-06-28
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင်တွေဟာ နေပြည်တော်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင်နောင်ခန်းမမှာ ၂ဝ၁၈ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံပြီး လွတ်လပ်စွာ သတင်းရယူခွင့် ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။