ပျောက်ဆုံးနေတဲ့ ထိုင်းလူငယ်တွေကို မြန်မာဘက်မှာလည်း ရှာဖွေ

0:00 / 0:00

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ထမ့်လုံခွန်နမ့် လိုဏ်ဂူအနီးကို မြန်မာဘက်ခြမ်းက ချောင်းရေဆက်စပ်ပြီး စီးဆင်းမှုရှိရင် ရေလမ်းကြောင်းလွဲှပေးဖို့ ထိုင်းအစိုးရဘက်က အကူအညီတောင်းလာတဲ့အတွက် ပူးပေါင်းဆောင်ရွက်ထားတယ်လို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်ပ်လုံ က ပြောပါတယ်။

လိုဏ်ဂူအတွင်း ပျောက်ဆုံးနေတဲ့ ထိုင်းလူငယ် ၁၃ ယောက်ကို ရှာဖွေနေတဲ့နေရာကို ပြည်နယ်ဝန်ကြီး ဦးစိုင်းရှဲန်တစ်ပ်လုံ အပြင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြန်မာအစိုးရဌာနဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူတွေ မနေ့က သွားရောက်ခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စိုင်းရှဲန်တစ်ပ်လုံ ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။