ဂူထဲမှာ ထိုင်းလူငယ် ၁၃ ဦးကို အသက်ရှင်လျှက်ပြန်တွေ့
2018.07.03
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့က ထမ့်လုံခွန်နမ့် လိုဏ်ဂူထဲမှာ ၁၀ ရက်ကြာ ပိတ်မိနေတဲ့ အားကစားနည်းပြ ၁ ဦးနဲ့ အသင်းသား လူငယ် ၁၂ ဦးကို လတ်တလောမှာ ဂူအပြင်ထုတ်ဖို့ မဖြစ်နိုင်သေးတဲ့အတွက် ဂူထဲမှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ စီစဉ်ထားတယ်လို့ ချင်းရိုင်ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့အနေရာမှာ ရောက်ရှိနေတဲ့ တာချီလိတ်ဒေသခံ ကိုစည်သူမောင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။