သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-10-19
လာမယ့် အောက်တိုဘာလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ် ကောင်စီ UNFC က ကိုယ်စားလှယ်အဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ရန်ကုန်မြို့မှာ ၇ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
2017-10-19
လက်ရှိအချိန်မှာ ပြည်တွင်း ဆန်ဈေးကွက် မှာ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။
2017-10-19
အကြမ်းဖက်မှုတွေကြောင့် နေအိမ်တွေမီးရှို့ခံခဲ့ရတဲ့ ခုံတိုင် မြိုတိုင်းရင်းသားကျေးရွာမှာ နေအိမ် ၄၈ လုံးကို နယ်စပ်ရေးရာဝန်ကြီးဌာနက လာမယ့် ဒီဇင်ဘာလမှာ အပြီးပြန်လည်ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
2017-10-19
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ပိုပြီး အလေးထားဆောင်ရွက်နေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
2017-10-18
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချူပ် CTUM က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အလုပ်သမားတစ်ဦးကို တစ်ရက် အနည်းဆုံးအခကြေးငွေ ကျပ် ၆၆၀၀ သတ်မှတ်ပေး သင့်ကြောင်း CTUM က ဒီနေ့ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2017-10-18
မြန်မာအစိုးရက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်မြေရှင်းလင်းရေးတွေ မရှိတော့ဘူး ဆိုတဲ့ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာ ၆၆ ရွာထက်မနည်း ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို အစိုးရက ငြင်းဆိုလိုက်ပါတယ်။
2017-10-17
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုထင်ကျော်က မြောက်ဥက္ကလာပ မြို့မရဲစခန်းမှာ အမှုသုံးမှု ဖွင့်ထားတာနဲ့ ရဲစခန်းက မနေ့ညက အကြောင်း ပြန်တဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေါ်စမ်းစမ်းတင် က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-10-16
မြန်မာနိုင်ငံရဲ့ လက်ရှိသတင်းမီဒီယာ အခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံးခန်းမှာ စက်တင်ဘာ လ ၂၆ နေ့က အခုလို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
2017-10-16
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု၊ အကူအညီထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားပေးရေးနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ မနက်ဖြန် မောင်တောမြို့နယ်ကို သွားရောက်ပြီး အကူအညီတွေ ပေးအပ်ဖို့ ရှိနေပါတယ်။
2017-10-16
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ချိုမြို့နယ် ကုန်းကြီးကျေးရွာအုပ်စု ပါဟဲရွာက မြေဧက ၃၄ဝ ကျော်ကို ၁၉၉၇ မှာ ပထမဆုံး အသိမ်းခံရပါတယ်။ သိမ်းယူတဲ့ ပြည်ပကလာဖော်ဆောင်တဲ့ စီမံကိန်းက ထွက်ခွာသွားပေမဲ့ တောင်သူတွေ မြေပြန်မရဘဲ ဒီမြေကို တပ်ကထပ်သိမ်းပါတယ်။
2017-10-14
ကရင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ၁၂၈၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီနေ့ တွေ့ဆုံပွဲမှာ ပြောကြား ခဲ့ပေမယ့် ဒေသခံတွေဘက်က ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
2017-10-14
မန္တလေးတိုင်းနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက ထွက်ရှိတဲ့ စပါးတွေကို တရုတ်ကုန်သည်တွေက ပွဲစားတွေကနေတဆင့် ပြည်တွင်းပေါက်ဈေးထက် ပိုပေးပြီး ဝယ်ယူနေတဲ့အတွက် မန္တလေးတိုင်းအတွင်းက ဆန်စက်အများစု ပိတ်ထားရပါတယ်။
2017-10-13
သမ္မတဟောင်း ဦးသိန်းစိန်၊ တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ သမ္မတဟောင်းတွေဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့ အပါအဝင် ၁၁ ဦးကို ရာဇသတ်ကြီး ဥပဒေအရ အရေးယူပေးဖို့ အတွက် ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှား မှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် ဦးထင်ကျော်(ခ) ဦးကျော်ထင်က မြောက်ဥက္ကလာပ မြို့နယ် တရားရုံးမှာ မနေ့က ဦးတိုက် လျှောက်ထား လိုက်ပါတယ်။
2017-10-13
လာမယ့်အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာကျင်းပမယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ၂ နှစ်ပြည့်အခမ်းအနားကို အစိုးရက ဖိတ်ကြားထားပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက တက်ရောက်မှာ မဟုတ်ဘူးလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ PSLF/TNLA က ဗိုလ်မှူးချုပ်တာဖုန်းကျော် က ပြောပါတယ်။
2017-10-12
အိန္ဒိယက ပဲဝယ်ယူမှု မူဝါဒပြောင်းလဲ လိုက်တဲ့နောက်ပိုင်းမှာ ပြည်တွင်း ပဲဈေးနှုန်းတွေ ကျဆင်းနေပြီး အခုလမှာ မတ်ပဲ တစ်တန်ကို ငါးသိန်းအောက်နဲ့ ပဲစင်းငုံတစ်တန်ကို လေး သိန်းအောက်အထိ ကျဆင်းသွားပါတယ်။