ပြည်တွင်း ဆန်ဈေးနှုန်းတွေ မြင့်တက်
2017.10.19
လက်ရှိအချိန်မှာ ပြည်တွင်း ဆန်ဈေးကွက်မှာ ဈေးနှုန်းတွေ မြင့်တက်နေပါတယ်။ ဒါ့အပြင် ပြည်ပကို ဆန်တင်ပို့ဖို့အတွက် ဆန်တင်သင်္ဘောတွေ ဆိပ်ကမ်းကို ရောက်ရှိနေပေမယ့် တင်ပို့ရမယ့် ဆန်ပမာဏကို ပြည့်မီအောင် တင်ပေးနိုင်ခြင်း မရှိသေးတာကြောင့် ဆန်တင်မယ့် သင်္ဘောတွေ ဆိပ်ကမ်းမှာ စောင့်ဆိုင်းနေရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နှစ် ၅၀ လောက်အတွင်း ဆန်တန်ချိန် ၂ သန်းကို ပြည်ပကို တင်ပို့ဖို့အတွက် ဒီနှစ်မှာ ပထမဆုံး ပြန်ကြိုးစားတာကြောင့် အခုလို အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပါတယ်။
ဦးရဲမင်းအောင်ကို RFA သတင်းထောက် ကိုကျော်စိုးလင်းက ဆက်သွယ်မေးမြန်းထားပါတယ်။