ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဒေသခံတွေ ကန့်ကွက်


2017.10.14

ကရင်ပြည်နယ် ဖွံ့ဖြိုးဖို့အတွက် ၁၂၈၀ မဂ္ဂါဝပ်ရှိတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ဒီနေ့ တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပေမယ့် ဒေသခံတွေဘက်က ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့မှာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ စီမံကိန်းအကောင်အထည်ဖော်မယ့် ဒေသအနီးအနားက ဒေသခံတွေ အရပ်ဖက်အဖွဲ့တွေ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ အဲဒီပွဲကို တက်ရောက်ခဲ့တဲ့ ကရင်မြစ်ချောင်းများ စောင့်ကြည့်ရေးအဖွဲ့က ကိုစောသာပိုးကို RFA သတင်းထောက် မဇာဏီထွဏ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။