ပဲဈေးနှုန်းတွေ ကျဆင်းနေပြီး ပဲကုန်သည်တွေ အရှုံးပေါ်နေ


2017.10.12

အိန္ဒိယက ပဲဝယ်ယူမှု မူဝါဒပြောင်းလဲလိုက်တဲ့နောက်ပိုင်းမှာ ပြည်တွင်း ပဲဈေးနှုန်းတွေ ကျဆင်းနေပြီး အခုလမှာ မတ်ပဲ တစ်တန်ကို ငါးသိန်းအောက်နဲ့ ပဲစင်းငုံတစ်တန်ကို လေးသိန်းအောက်အထိ ကျဆင်းသွားပါတယ်။ အဲဒီလို ဈေးနှုန်းကျဆင်းတဲ့အတွက် ပဲစိုက်တောင်သူတွေရော ပဲကုန်သည်တွေပါ ထက်ဝက်နှုန်းလောက် အရှုံးပေါ်နေပါတယ်။
လက်ရှိ ပဲဈေးနှုန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနဲ့ နှမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမင်းကိုဦးကို RFA သတင်းထောက် ကိုအောင်သိင်္ခက ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။