သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-07-30
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ နှစ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ နွေနှမ်းနဲ့ မိုးနှမ်း ဧက နှစ်သိန်းနီးပါး၊ မိုးစပါးနဲ့ တခြားသီးနှံ ဧက တစ်သိန်းကျော် ပျက်စီးခဲ့ပါတယ်။
2018-07-30
ပဲခူးတိုင်းနဲ့ မွန်၊ ကရင်၊ တနင်္သာရီ ပြည်နယ်တွေမှာ ရေကြီးရေလျှံနေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ထားရသလို လူဦးရေ သောင်းနဲ့ချီပြီး ရေလွတ်ရာကို ပြောင်းရွှေ့ နေရပါတယ်။
2018-07-30
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကတည်းက ဘီးလင်းမြစ်ရေလျှံတက် လာပြီး တောင်ကျချောင်းရေတွေလည်း တရဟော စီးဆင်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်အုပ်စုကြီး ၁၂ ခုလောက်မှာ ဒီကနေ့အချိန်အထိ ရေကြီးနေလို့ လူ တစ်သောင်းနီးပါးလောက်အတွက် ကယ်ဆယ်ရေးစခန်း ၃၇ ခု ဖွင့်ထားရပါတယ်။
2018-07-29
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းတရားသူကြီးချုပ်အပါအဝင် တရားရေး ဝန်ထမ်းတွေနဲ့ ဒီကနေ့ တိုင်းအစိုးရ အဖွဲ့ရုံးမှာ တွေ့ဆုံခဲ့ပါတယ်။
2018-07-29
ပဲခူးတိုင်းဒေသကြီးတခုလုံးမှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၃ သောင်းကျော် ပြောင်းရွှေ့နေရပြီး ရေဘေးကယ်ဆယ်ရေးစခန်း ၅၁ ခု ဖွင့်လှစ်ထားရပါတယ်။
2018-07-29
ရခိုင်ပြည်နယ် မြို့နယ် ၁၁ ခုမှာ ရေချိုခရုကနေတဆင့် လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ ရှစ်စ်တိုဆိုမာရေးစစ် (Schistosomiasis ) ရောဂါဖြစ်ပွားသူ ၃ဝဝ ကျော်ရှိနေပါတယ်။
2018-07-29
စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့နဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့တို့မှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း စံချိန်တင် မြစ်ရေကြီးမှုတွေဖြစ်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
2018-07-29
နှစ်တိုင်း ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတဲ့ရေကြီးနစ်မြုပ်မှုတွေအပေါ် အစိုးရရဲ့ အာရုံစိုက်ဆောင်ရွက်ပေးမှုက အားနည်းနေသေးတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာခင်မောင်ညို က ပြောပါတယ်။
2018-07-29
ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဟာ စတင်ထူထောင်ခဲ့တဲ့ ၂ဝ၁၂ ခုနှစ်ကနေ အခုအချိန်ထိ ပြည်တွင်းပြည်ပ အလှူငွေ ကျပ်သိန်းပေါင်း ၈ သောင်း ရရှိခဲ့ပြီဖြစ်ပြီး ၆ဝ% ဟာ ပြည်တွင်းအလှူရှင်တွေထံကဖြစ်တယ်လို့ သိရပါတယ်။
2018-07-29
“ဆယ်စုနှစ်ခုနှစ်ဆက်” ဆိုတဲ့နိုင်ငံရေးသရုပ်ဖော်ပြပွဲတစ်ခုကို အနုပညာရှင်တွေက ဇူလိုင်လ ၇ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ပြသနေပါတယ်။
2018-07-27
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ခေါ် ဘင်္ဂါလီဦးရေ တသန်းတသိန်းကျော် ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံကူးလက်မှတ်ဌာန DIP က ထုတ်ပြန်ကြေညာပါတယ်။
2018-07-27
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာ အနီးမှာရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်နေတဲ့ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှာ ရွာသားတွေဘက်က ရပ်တည်ခဲ့တဲ့ အောင်သပြေကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးဦးဟာ တာဝန်က ရပ်ဆိုင်းခံလိုက်ရပါတယ်။
2018-07-27
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်မှာ မနေ့ညပိုင်းက လေဆင်နှာမောင်း တိုက်ခတ်တဲ့အတွက် ကျေးရွာ ၁၃ ရွာက နေအိမ်အလုံး ၂၅ဝ ကျော် ပြိုကျပျက်စီးပြီး အဆောက်အအုံ ၃၅ဝ နီးပါး အမိုးတွေလန် ပျက်စီးခဲ့ပါတယ်။
2018-07-27
မွန်ပြည်နယ်ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်ပြီး မြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက် အတော်များများနဲ့ မြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ ရေကြီးရေလျှံပြီး တချို့ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေရပါတယ်။
2018-07-26
ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပါဟဲရွာက တောင်သူဦးဌေးအောင်ဟာ မြေယာသိမ်းယူမှု အကြောင်း RFA နဲ့ မေးမြန်းခန်းလုပ်ပြီးနောက် ဒီကိစ္စဆွေးနွေးဖို့ ရပ်/ကျေး တာဝန်ရှိသူတွေက ချိန်းဆိုတဲ့နေရာကိုအသွားမှာ ဝိုင်းဝန်းရိုက်နှက်ခံရပြီး သေဆုံးခဲ့ပါတယ်။