ဘီးလင်းရေကြီးနေမှု ဆက်သွယ်မေးမြန်းချက်
2018.07.27
မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မိုးသည်းထန်ပြီးမြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်အတော်များများနဲ့ မြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ ရေကြီးရေလျှံပြီး တချို့ကျေးရွာတွေမှာ အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေရပါတယ်။ လောလောဆယ် ရေဘေးဒုက္ခသည် လေးထောင်ကျော်အတွက် ကယ်ဆယ်ရေးစခန်း ၂၃ ခုဖွင့်လှစ်ထားပါတယ်။ ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်းဟာလည်း ဘီးလင်းမြို့အနီးမှာ ရေကျော်နေတာကြောင့် မနေ့ည ၇ နာရီခွဲကတည်းက လမ်းပိတ်ထားရပါတယ်။ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ဘီးလင်းမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးကို RFA သတင်းထောက် ကိုကျော်လွင်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။