ရခိုင်မှာ Schistosomiasis ရောဂါဖြစ်ပွားသူ ၃ဝဝ ကျော်ရှိ


2018.07.29

ရခိုင်ပြည်နယ် မြို့နယ် ၁၁ ခုမှာ ရေချိုခရုကနေတဆင့် လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ ရှစ်စ်တိုဆိုမာရေးစစ် (Schistosomiasis ) ရောဂါဖြစ်ပွားသူ ၃ဝဝ ကျော်ရှိနေပါတယ်။

အခုချိန်မှာ ရေကြီးရေလျှံတာတွေ ဒေသအတော်များများမှာ ဖြစ်နေတာကြောင့် ရေထဲသွားလာရာမှာ သတိထားကြဖို့ လိုအပ်တယ်လို့ ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် က ပြောပါတယ်။

အဲဒီသန်ပြားကောင်ရောဂါ ဖြစ်ပွားတတ်တဲ့အခြေအနေတွေ၊ သတိထားရမယ့်အရာတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။