တိုင်းနဲ့ပြည်နယ် ၄ ခုမှာ မိုးကြီးနိုင်


2018.07.29

စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့နဲ့ ပဲခူးမြစ်ရေဟာ ပဲခူးမြို့တို့မှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း စံချိန်တင် မြစ်ရေကြီးမှုတွေဖြစ်နေတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။

မွန်၊ ကရင်၊ ပဲခူး၊ ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ် ၄ ခုမှာ နောက် ၃ ရက်အထိ မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

လက်ရှိမြစ်ရေကြီးမှု အခြေအနေတွေ၊ မိုးကြီးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးကျော်မိုးဦး ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။