ရေကြီးရေလျှံမှုနဲ့ ပျက်စီးဆုံးရှုံး စိုက်ပျိုးသီးနှံများ
2018.07.30
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ နှစ်လအတွင်း ရေကြီးရေလျှံမှုတွေကြောင့် လယ်ဧက သုံးသိန်းကျော် ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ နွေနှမ်းနဲ့ မိုးနှမ်း ဧက နှစ်သိန်းနီးပါး၊ မိုးစပါးနဲ့ တခြားသီးနှံ ဧက တစ်သိန်းကျော် ပျက်စီးခဲ့ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းကို RFA သတင်းထောက် မသက်စုအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။