ရန်ကုန်မြို့က နိုင်ငံရေးသရုပ်ဖော်အနုပညာပြပွဲ အကြောင်း
2018.07.29
“ဆယ်စုနှစ်ခုနှစ်ဆက်” ဆိုတဲ့နိုင်ငံရေးသရုပ်ဖော်ပြပွဲတစ်ခုကို အနုပညာရှင်တွေက ဇူလိုင်လ ၇ ရက်နေ့ကနေ ၃ဝ ရက်နေ့ထိ ရန်ကုန်မြို့ အတွင်းဝန်ရုံးမှာ ပြသနေပါတယ်။
အဲဒီပြပွဲမှာ အင်းစိန်အကျဉ်းထောင် ပုံစံငယ်တွေ၊ အကျဉ်းစခန်းရဲ့ သံတိုင်ကိုကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတဲ့လက်တွေ၊ စစ်အစိုးရခေတ်ထောင်ချခံခဲ့ရတဲ့ ကျောင်းသားတွေရဲ့နာမည်တွေ ထွင်းထားတဲ့သစ်တုံးတွေကို အင်စတော်လေးရှင်းအာ့ထ်လို့ခေါ်တဲ့ ရုပ်လုံးဖော်အနုပညာတွေ၊ ပန်းချီကားတွေကို Contemporary ခေတ်ပြိုင်အနုပညာနဲ့ပြသထားတာပါ။
ဒီပြပွဲအကြောင်းနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်တဲ့ အနုပညာရှင် ကိုအေးကို ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။