သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-05-10
မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံလိုက်ရတဲ့ ဒီဗွီဘီသတင်းထောက် ၃ ဦးနဲ့ နိုင်ငံရေးလှုပ်ရှားသူ ၂ ဦး စုစုပေါင်းငါးဦး ပြန်လွတ်မြောက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေတယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) အမှုဆောင်ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ပြောလိုက်ပါတယ်။
2021-05-10
ရှမ်းပြည်နယ်မြောက်ပိုင်းတနေရာက CRPH အဖွဲ့ဝင်တွေ နဲ့ ဆက်သွယ် ရောက်ရှိလာသူတွေထဲမှာ တာလေမြို့အခြေစိုက် ခမရ ၅၇၂ က ဗိုလ်ကြီး အောင်စင်ဖြိုးနဲ့ တာလေပြည်သူ့ဆေးရုံက သူ့ဇနီး သူနာပြုဆရာမ မဖြိုးပြည့်ပိုင်လည်း ပါဝင်ပါတယ်။
2021-05-10
ကျောင်းသားတွေ ပညာသင်ယူခွင့် မဆုံးရှုံးရအောင် ပညာရေးအစီအစဉ်တရပ်ကို မကြာခင်မှာ ထုတ်ပြန်တော့မှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးဒုတိယဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။
2021-05-08
တက္ကသိုလ်တွေက နောက်ဆုံးနှစ်အတန်းနဲ့ ဘွဲလွန်အတန်းတွေကို မေလ ၃ ရက်နေ့က ဖွင့်မယ်လို့ကြေညာအပြီး ကျောင်းတက်သူ ၁၀ ရာခိုင်နှုန်းလောက်ပဲ လာတက်ပါတယ်။ ကျောင်းတက်သူ ကျောင်းသားမရှိသလို ဆရာတွေလည်း CDM ဝင်နေတာကြောင့် မရှိဖြစ်နေတာပါ။
2021-05-07
အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကနေ ဝင်ငွေရရှိနေတာကို ရပ်တန့်အောင် ကြိုးစားသွားမှာဖြစ်သလို၊ CDM ဝန်ထမ်းလစာတွေကို ပေးနိုင်အောင် ကြိုးစားနေတယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောလိုက်ပါတယ်။
2021-05-05
စစ်တပ်အာဏာသိမ်းမှု သုံးလပြည့်ကာလမှာ ပြည်သူ့အင်အားနဲ့ စစ်တပ်အင်အား၊ CDM အနေအထား၊ ကျောင်းတွေပြန်ဖွင့်မှု၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းမှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင် ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။
2021-05-04
ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းလာခဲ့တဲ့ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ ဗိုလ်မှူး ဟိန်းသော်ဦး ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပြီးနောက်မှာ အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ သူ့ရဲ့ နှမဖြစ်သူ မဌေးဌေးထွန်းကို အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်မေးမြန်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
2021-05-04
ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းကျော် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေကြပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးရေး လုပ်ငန်းတွေ၊ ကာကွယ်ဆေးထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘာမှထိခိုက်တာမရှိဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။
2021-05-03
မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အားလုံးကို စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းပြီး၊ ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုရအောင် စတင်ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် မနေ့ကပဲ ခန့်အပ်လိုက်တဲ့ ဦးအောင်မျိုးမင်းက ပြောပါတယ်။
2021-05-02
ဒီကနေ့ မေလ ၃ ရက်နေ့မှာ ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်တက်ကြဖို့ ဆရာ၊ ဆရာမတွေကို စစ်ကောင်စီက ဖိအားပေးတာတွေ စည်းရုံးတာတွေ လုပ်နေတယ်လို့ ကျောင်းဆရာအချို့က RFA ကို အတည်ပြုပြောဆိုကြပါတယ်။ အလုပ်ပြန်မတက်ရင် ဖမ်းမယ်ဆိုပြီးလည်း နှုတ်နဲ့ခြိမ်းခြောက်တာတွေ ခံနေရတယ်လို့ ဆိုပါတယ်။
2021-05-02
CDM လုပ်နေတဲ့ ပညာရေးဝန်ထမ်းတွေကို မေ ၁ ရက်မှာ ကျောင်းတက်ဖို့၊ ကျောင်းမတက်ရင် ဖမ်းဆီးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာကြောင့် ပညာရေးဝန်ထမ်းတွေ စိုးရိမ်နေကြပါတယ်။
2021-05-01
ပြီးခဲ့တဲ့ အာဆီယံ ညီလာခံမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာဟာ အာဆီယံ အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းတွေကို ထိတွေ့ ဆက်ဆံမှုကနေ တဆင့် ဖြေရှင်းဖို့ ကြိုးစားတာဖြစ်ပြီး၊ အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘော မဟုတ်ဘူး
2021-05-01
ရန်ကုန်အရှေ့ပိုင်း ဒဂုံတက္ကသိုလ် ကျောင်းဝန်ထမ်းအိမ်ယာမှာ နေထိုင်တဲ့ အလွတ်တန်း သတင်းထောက် မသူဇာရဲ့နေအိမ်ကို ရဲ နဲ့ စစ်သား ၃၀ ကျော်က မေလ ၁ ရက်နေ့ နေ့လည်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ပြီး သူ့ကို မတွေ့တာကြောင့် အမျိုးသားဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2021-04-30
ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ မတ်လကုန်ထိ နှစ်လအတွင်းမှာ၊ စစ်ကောင်စီတပ်တွေနဲ့ ကရင့်အမျိုးသားအစည်းအရုံး ကေအဲန်ယူတပ်တွေအကြား တိုက်ပွဲပေါင်း ၂၀၀ ခန့် ဖြစ်ပွားခဲ့ပြီး၊ ဒေသခံပြည်သူ လေးသောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ ဗဟိုရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ပြောပါတယ်။
2021-04-29
စစ်ကောင်စီ လေတပ်က သုံးရက်ဆက်တိုက် ဗုံးကြဲလို့ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ကနေ ထိုင်းနိုင်ငံဘက်ကို သံလွင်မြစ်ဖြတ်ကူးပြီး ကျေးရွာသား ၂ဝဝဝ ကျော် မနေ့က ထွက်ပြေးခဲ့ကြရပါတယ်။ အဲဒီရွာသားတွေကို ထိုင်းအာဏာပိုင်တွေက ယာယီခိုလှုံခွင့်ပြုထားတယ်လို့ ဆိုပါတယ်။