ဒီမိုကရေစီဘက်ပြောင်း ဗိုလ်မှူးဟိန်းသော်ဦးရဲ့ ညီမ ခြိမ်းခြောက်ခံရ

ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.04

ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းလာခဲ့တဲ့ အမှတ် ၉၉ ခြေလျင်တပ်မဌာနချုပ်က ဦးစီးအရာရှိ ဗိုလ်မှူး ဟိန်းသော်ဦး ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပြီးနောက်မှာ အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့မှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ သူ့ရဲ့ နှမဖြစ်သူ မဌေးဌေးထွန်းကို အာဏာသိမ်းစစ်ကောင်စီက ဆက်သွယ်မေးမြန်း ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်မိသားစုအဖြစ် နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးတဲ့ မဌေးဌေးထွန်းရဲ့ အတွေ့အကြုံ နဲ့ သဘောထားတွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။