ဒေါက်တာခင်ခင်ကြီးနဲ့ ဆက်သွယ်မေးမြန်းချက်

စောဖိုးခွား(ဝါရှင်တန်ဒီစီ)
2021.05.04

ကျန်းမာရေးဝန်ထမ်း ၇၅ ရာခိုင်နှုန်းကျော် အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်နေကြပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးရေး လုပ်ငန်းတွေ၊ ကာကွယ်ဆေးထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘာမှထိခိုက်တာမရှိဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရှိသူ ဒေါက်တာခင်ခင်ကြီးက RFA ကို ပြောပါတယ်။

အခုမေလထဲမှာ တရုတ်နိုင်ငံက ကိုဗစ်ဆေးတွေရောက်ဖို့ ရှိတယ်လို့လည်း သူက ဆိုပါတယ်။ ဒေါက်တာခင်ခင်ကြီးကို RFA ဝိုင်းတော်သားစောဖိုးခွားက ဧပြီလ ၂၇ ရက်နေ့ ညနေပိုင်းက ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အချိန်အကန့်အသတ်အရ အင်တာဗျူးကို မူရင်း အာဘော်မပျက် ဖြတ်တောက်ထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။