ခမရ ၅၇၂ ဗိုလ်ကြီး အောင်စင်ဖြိုး ပြည်သူနဲ့ပူးပေါင်း
ခင်မောင်စိုး(ဝါရှင်တန်ဒီစီ)
2021.05.10
2021.05.10
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ဒီမိုကရေစီအင်အားစုတွေနဲ့ လာရောက်ပူးပေါင်းတဲ့ အရာရှိ အရာခံတွေ အကြပ်တပ်သားတွေ တနေ့တခြား ပိုများလာနေပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းတနေရာက CRPH အဖွဲ့ဝင်တွေ နဲ့ ဆက်သွယ် ရောက်ရှိလာသူတွေထဲမှာ တာလေမြို့အခြေစိုက် ခမရ ၅၇၂ က ဗိုလ်ကြီး အောင်စင်ဖြိုးနဲ့ တာလေပြည်သူ့ဆေးရုံက သူ့ဇနီး သူနာပြုဆရာမ မဖြိုးပြည့်ပိုင်လည်း ပါဝင်ပါတယ်။ ဗိုလ်ကြီး အောင်စင်ဖြိုးကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။