သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-02-17
စစ်ကောင်စီက အမိန့်အမှတ် ၅၄/၂၀၂၃ နဲ့ ပြဋ္ဌာန်းလိုက်တဲ့ လက်နက်ကိုင်ခွင့်မူနဲ့ ပတ်သက်လို့ "သေနတ်ကိုင်ခွင့်ပြဋ္ဌာန်းချက် ပြည်သူ့အတွက်ဖြစ်နိုင်မလား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2023-02-10
စစ်ကောင်စီက မြို့နယ် ၃၇ မြို့နယ်ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပါတယ်။ ဒီလိုကြေညာလိုက်တဲ့အတွက် အဲဒီဒေသတွေက ပြည်သူတွေအနေနဲ့ စစ်ရေးအရှိန်မြင့်လာနိုင်မယ့် အခြေအနေတွေ ကြုံလာရနိင်သလို လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေဟာလည်း ပိုကြုံတွေ့လာနိုင်ပါတယ်။
2023-02-03
အရေးပေါ်ကာလ ခြောက်လ သက်တမ်းထပ်တိုးပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပဲ အာဏာကို ဆက်လက်ရယူလိုက်ပါတယ်။ ဒီသက်တမ်း ၆လအလွန်မှာ စစ်ကောင်စီအစီအစဉ်အတိုင်း ရွေးကောက်ပွဲ ကျင်းပနိုင်မလား၊ တိုင်းပြည်အာဏာ ဆက်ယူနိုင်ဖို့ စစ်ကောင်စီ ဘယ်လိုနည်းလမ်းတွေ သုံးလာနိုင်မလဲဆိုတာတွေ ဆွေးနွေးထားပါတယ်။
2023-01-27
လာမယ့် ဖေဖော်၀ါရီလ ၁ရက်နေ့ဆိုရင် စစ်တပ်အာဏာသိမ်းတာ နှစ်နှစ်ပြည့်မြောက်သွားပါပြီ။ ဒီနှစ်နှစ်ဆိုတဲ့ အချိန်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးအပါအဝင် နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေဘယ်လိုရှိနေပါသလဲ အခုတစ်ပတ် RFA စကားဝိုင်းအစီအစဥ်မှာ ဆွေးနွေးထားပါတယ်။
2023-01-20
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၂၀ ရွေးကောက်ပွဲကို အပြတ်အသတ်အနိုင်ရပြီး အစိုးရဖွဲ့ မယ့်နေ့မှာ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံအရ သက်တမ်းတိုးခဲ့တာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် သက်တမ်းကုန်တဲ့အချိန်မှာ ဘယ်လိုဆက်ပြီး အာဏာကိုင်ထားနိုင်ချေရှိလဲ၊ ပြည်သူတွေကရော ဘာတွေဆက်လုပ်သင့်လဲဆိုတာကို ဒီတစ်ပတ်စကားဝိုင်းမှာ ဆွေးနွေးထားပါတယ်။
2023-01-13
၂၀၂၃ ခုနှစ်မှာဆိုရင် အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲကျင်းပနိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့လည်း လာမယ့် ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်ပေးမယ့် အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတွန်းလှန်ဖို့ လုပ်ဆောင်နေပါတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်နဲ့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီကို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမှန်တကယ် ဖော်ဆောင်လာနိုင် မလားဆိုတာတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
2023-01-06
ဒီနှစ် ၂ဝ၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို တိုင်းပြည်အာဏာလွှဲအပ်မယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ အထမြောက်ဖို့ စီစဉ်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေကလည်း ဒီနှစ်ကို အာဏာရှင်တော်လှန်ရေး အဆုံးသတ်မယ့်နှစ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒီနှစ်အတွင်း နိုင်ငံရေး၊ စစ်ရေးအခြေအနေ ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲ။