“NUG ရဲ့ ၂၀၂၃ အဆုံးအဖြတ်တိုက်ပွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍ”

2023.01.13

အခုဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၂ နှစ်နီးပါး ကြာလာခဲ့ပါပြီ။ ဒီလိုအခြေအနေမျိုးမှာ အာဏာသိမ်းစစ်တပ်ဟာလည်း သူဆက်ပြီးရပ်တည်နိုင်ဖို့အတွက် ပြည်တွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေသလို ပြည်ပဆက်ဆံရေးကိုလည်း သူ့လုပ်ငန်းစဉ်အတိုင်း ဆက်လုပ်နေပါတယ်။
၂၀၂၃ ခုနှစ်မှာဆိုရင် ရွေးကောက်ပွဲကျင်းပနိုင်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေပါတယ်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG အနေနဲ့လည်း အခု ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်ပေးမယ့် အဆုံးသတ်တိုက်ပွဲဆင်နွှဲဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် ပြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ်ကို ပူးပေါင်းတွန်းလှန်ဖို့ လုပ်ဆောင်နေပါတယ်။ တိုင်းရင်းသားတွေ လိုချင်တဲ့ ဖက်ဒရယ်နဲ့ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီကို တိုင်းရင်းသားအင်အားစုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အမှန်တကယ် ဖော်ဆောင်လာနိုင် မလားဆိုတာတွေကို ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ပါဝင်ဆွေးနွေးသူတွေကတော့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ကရင်အမျိုးသားငြိမ်းချမ်းရေးကောင်စီ (KNLA-PC) က ဗိုလ်မှူးကြီး စောကျော်ညွန့်၊ တအာင်းဒေသတွင်း တိုင်းရင်းသားအရေးလေ့လာသူ ဆိုဒန်းနဲ့ Justice Soldier PDF ခေါင်းဆောင် ကိုဇွဲ (ပုပ္ပါး)တို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ကိုအောင်သိင်္ခ စီစဉ်တင်ဆက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။