သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-30
မဲဆန္ဒရှင်စာရင်းကို ကြည့်ရှုပြင်ဆင်ဖို့ အောက်တိုဘာ ၄ ရက်နေ့အထိ ရက်တိုးထားပေမယ့် မကွေးတိုင်းစေတုတ္တရာမြို့နယ်က ဒေသခံတွေအနေနဲ့ ဒီအချက်ကိုတောင် မသိရှိကြဘူးလို့ သိရပါတယ်။
2015-09-30
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ကိုယ်စာလှယ် လောင်းတွေဟာ မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာနဲ့ ဆင်အိုးကြီးကျေးရွာတွေမှာ မဲဆွယ် စည်းရုံး ခဲ့ပါတယ်။
2015-09-30
ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ကော့မှူးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေက ကော့မှူးမြို့နယ်အနီးတစ်ဝိုက်မှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
2015-09-30
ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်-ခေါ် ဒေါ်မြင့်မြင့်ခင်ဖေဟာ ကြိုးတန်းပေါ်မှာ လမ်းလျှောက်သူလို့ တိုက်ရိုက်အမည်ရတဲ့ Walking on A Fine Line အမည်ရှိ ဦးကျော်သူဘဝသရုပ်ဖော်ဇာတ်ကား ရုံ့တင်ပွဲအတွက် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိနေပါတယ်။
2015-09-30
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် အတွင်း အစိုးရတပ်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားနေရာမှာ အစိုးရတပ်က မန်စီမြို့တွင်း ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရပ်တန့်ဖို့ မြို့လူထု ၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်တချို့က ပြည်နယ်ဝန်ကြီးချုပ်ထံ စာပေးပို့ခဲ့ပေမဲ့၊ အစိုးရ တပ်က ဆက်လက်ပစ်ခတ်နေတယ်လို့ မန်စီမြို့ခံတွေ က ပြောပါတယ်။
2015-09-30
တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ မြန်မာ-ယန်စီ ကုမ္ပဏီရဲ့ ကြေးစင်တောင် စပါယ်တောင် ကြေးနီထုတ်လုပ်တဲ့ လုပ်ကွက်ကနေထွက်ကျ လာတဲ့ ရေဆိုးတွေကြောင့် အနီးတဝိုက် ကချောင်းထဲမှာ ငါးတွေသေကြေ ပျက်စီးရတဲ့အပြင် လူရောကျွဲနွားတွေ အတွက်ပါ အန္တရာယ်များနေတဲ့အတွက် ဒေသခံတွေက ယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့တွေ့ပြီး အဲဒီကိစ္စ ကိုဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
2015-09-30
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် က ကျေးရွာ ၅ ရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေ ဧက နှစ်ထောင်ကျော် ပြန် လည်ရရှိဖို့အတွက် လယ်သမား ၂ဝဝ လောက် က ဒီနေ့ ပန်းတနော်မြို့နယ် မြေစာရင်း ရုံးရှေ့မှာ ဆန္ဒပြတောင်းဆို ကြပါတယ်။
2015-09-30
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက် မြို့နယ် ကျောက်ဝကျေးရွာအုပ်စုနဲ့ ရုံးပင်ကျေးရွာ အုပ်စုက ပြည်ခိုင်ဖြိုး ပါတီဝင် ၂ဝဝ လောက် ဟာ ဒီမိုကရက်တစ်ပါတီ(မြန်မာ) ပါတီဝင်တွေ အဖြစ် ကူးပြောင်းလိုက်တယ်လို့ သိရပါတယ်။
2015-09-30
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ AA ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်တယ်ဆိုပြီး တရားစွဲခံထားရတဲ့ လဟာပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းမောင်ကို မတရား အသင်း အက်ဥပဒေပုဒ်မ- ၁၇(၁) နဲ့ မင်းပြားမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ်(၃) နှစ် မနေ့က ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
2015-09-30
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မှာ ဒီကနေ့ မဲဆွယ်စည်းရုံးခဲ့တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဇေကမ္ဘာ ဦးခင်ရွှေ က ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးဖို့ ဒေသခံတွေကို တိုက်တွန်းခဲ့ပါတယ်။
2015-09-30
မဲဆန္ဒရှင်စာရင်းတွေ မှားယွင်းနေတယ် ဆိုပြီး ဝေဖန်နေကြတဲ့အတွက် မဲစာရင်းမှားနေရင်၊ အမည်မပါရင် ပြင်ဆင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကို ဒီနေ့ ပြော ပါတယ်။
2015-09-29
မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ဝေးလံခေါင်သီပြီး၊ ဗမာစကားနားမလည်တဲ့ လက်နက်ကိုင်အဖွဲ့တွေကြီးစိုးတဲ့နေရာတွေကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ သွားရောက်ဖို့ ခက်တာကြောင့် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့တွေက သွားရောက်ပေးဖို့ လိုတယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။
2015-09-29
ရွေးကောက်ပွဲမဲဆန္ဒရှင်စာရင်း ကြေညာရက်ကုန်ဆုံးသွားခဲ့ပေမယ့် စာရင်းအမှားတွေကို အချိန်မီ ပြင်ဆင်နိုင်မှာမဟုတ်ဘူးလို့ သံသယရှိသူတွေ ရှိနေပြီး ဒီမပြင်နိုင်မယ့် အခြေအနေကြောင့် ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်ဟာ ပြောင်းလဲသွားနိုင်တယ်လို့ စိုးရိမ်သူတွေရှိလာနေပါတယ်။
2015-09-29
ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ကို သူ့အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ပြသရေးအတွက် ရောက်ရှိနေပါတယ်။
2015-09-29
လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကနေ ဗဟန်းမြို့နယ် ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာရဲအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြင့်အောင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှိမ်မြင့်တို့ဟာ စက်တင်ဘာ၂၉ရက်နေ့မှာ ဗဟန်းမြို့နယ်က ရပ်ကွက်တွေထဲမှာ တစ်အိမ်တက်ဆင်း လိုက်လံမဲဆွယ်ခဲ့ပါတယ်။