ပန်းတနော်မှာ မြေသိမ်းခံတောင် သူတွေ ရာနဲ့ချီ ဆန္ဒပြ


2015.09.30
pantanaw-farmers-620.jpg ဧရာဝတီတိုင်း မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ထဲက ကျေးရွာအုပ်စုတချို့မှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ဇူလိုင်လ ၁ဝ ရက်နေ့က လယ်သမားတွေ ဆန္ဒပြစဉ်
Photo: Kyaw Zaw Win/RFA

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်က ကျေးရွာ ၅ ရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေ ဧက နှစ်ထောင်ကျော် ပြန်လည်ရရှိဖို့အတွက် လယ်သမား ၂ဝဝ လောက် က ဒီနေ့ ပန်းတနော်မြို့နယ် မြေစာရင်း ရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။

သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့အတွက် နိုင်ငံတော်သမ္မတထံ တင်ပြထားပေမယ့် ဖြေရှင်းပေး တာမရှိတဲ့အပြင် ဝင်ရောက်ထွန်ယက် တဲ့ တောင်သူ တချို့ကို ကုမ္ပဏီက တရားစွဲဆိုတာတွေရှိတဲ့အတွက် အခုလို ဆန္ဒပြတာဖြစ်တယ်လို့ ခနွှဲကဘို ကျေးရွာက တောင်သူ ဦးဌေးဝင်းက ပြောပါတယ်။

"ဖိုးလမင်းကုမ္ပဏီက သိမ်းထားတယ်၊ လက်ရှိလည်းအမှုတွေဖွင့်ထားတယ်၊ နောက်ပြီးတော့ တချို့လည်းထောင်ကျပြီးကုန်ပြီ၊ အဲ့ဒါတွေ မကျေနပ် တာရယ်၊ နောက်ပြီးတော့ မြို့နယ်တို့၊ ခရိုင်တို့၊ တိုင်းတို့ အကုန်တင်ထားတဲ့အပြင် ဘာမှ မလှုပ်ရှားလို့ သမ္မတထိရောက်အောင် ကျနော်တို့ တင်ထား တယ်၊ နေပြည်တော်ထိကို တင်ထားတယ်၊ နေပြည်တော်ကလည်း လာစစ်သွားတယ်၊ အဖြေတော့မရသေးဘူး"

ခနွှဲကဘို၊ ရှမ်းစု၊ ကြခတ်တော၊ ရွှေဒင်္ဂါး နဲ့ ပြလင်း-ချောင်းကြီးစတဲ့ ကျေးရွာ ၅ ရွာက လယ်ယာမြေဧက ၂ ထောင်ကျော်ကို ပြီးခဲ့တဲ့ ၁၉၉၉ ခုနှစ်လောက်က အနောက်တိုင်း စစ်ဌာနချုပ်က သိမ်းယူပြီး ဖိုးလမင်းကုမ္ပဏီထံ လုပ်ပိုင်ခွင့်ပေးခဲ့တာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။

အဲဒီလိုသိမ်းယူခံထားရတဲ့ လယ်ယာမြေတွေထဲမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်လောက်က ဝင်ရောက်ထွန်ယက်လို့ဆိုပြီး ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားပျက်စီးမှု စတဲ့ ပုဒ်မတွေနဲ့ ဖိုးလမင်းကုမ္ပဏီက တရားစွဲဆိုထားတဲ့ တောင်သူ ၃ဝ လောက်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။