ရခိုင်ပြည်နယ် မဲဆန္ဒရှင်စာရင်း
2015.09.30
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းတွေဟာ မြောက်ဦးမြို့နယ် လေညှင်းတောင်ကျေးရွာနဲ့ ဆင်အိုးကြီးကျေးရွာတွေမှာ မဲဆွယ်စည်းရုံခဲ့ပါတယ်။ ကျေးရွာတစ်ချို့မှာ မဲပေးရမယ့်ရက်ကို မသိသူတွေလည်း ရှိနေသလို မဲစာရင်း မှန်မမှန် စစ်ဆေးဖို့တောင် စိတ်ဝင်စားမှုမရှိတာတွေ့ရတယ်လို့ သိရပါတယ်။ RFA သတင်းထောက် မသီရိမင်းဇင်က တင်ပြထားပါတယ်။