သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-31
အမေရိကန်ပြည်ထောင်စုရောက် ရခိုင်တိုင်းရင်းသားတွေကို စုစည်းဖို့ ရည်ရွယ်ချက်နဲ့ ရခိုင်အမျိုးသား ညီလာခံကို Tennessee ပြည်နယ် Nashville မြို့မှာ မနေ့က စတင်ကျင်းပပါတယ်။
2013-08-31
မဏိပူနယ်စပ်တစ်လျှောက် မြန်မာ တပ်ဖွဲ့ဝင်တွေ ဝင်လာတယ်ဆိုတဲ့ သတင်းကြောင့် အိန္ဒိယ-မြန်မာနယ်စပ်မှာ အာသံ ရိုင်ဖယ်တပ်က အထူးစောင့်ကြပ်ကင်းလှည့်နေတယ်လို့ နယူးဒေလီအခြေစိုက် ANI သတင်းဌာနက မနေ့ က ဖော်ပြပါတယ်။
2013-08-31
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက သမ္မတ ဦးသိန်းစိန်ကို စာရေးပြီး အစိုးရသိမ်းဆည်းထားတဲ့ လယ်ယာမြေတွေ အမြန်ဆုံးပြန်ပေးရေးအတွက် ပြောကြားတဲ့ သတင်းအပါအဝင် မျက်မှောက်ရေးရာပြဿနာတွေကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက တင်ဆက်ပါလိမ့်မယ်။
2013-08-31
မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင် သူတွေကို စီမံချက်နဲ့ဖမ်းဆီးတဲ့ အစီအစဉ် သစ်ကို မနက်ဖြန်မှာ စတင်မယ်လို့ ကြေ ညာထားပေမယ့် ဒီကနေ့မွန်းလွဲပိုင်းက ပီနန်းမြို့မှာ ဖမ်ဆီး ခဲ့ရာမှာ မြန်မာနိုင်ငံသား ၅ဝ ကျော် အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။
2013-08-31
တရုတ်ပြည်ကို သွယ်တန်းတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးမှု အသစ်တွေ ဖြစ်ပေါ်နေပြီး ဒီကိစ္စကို မြန်မာတရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက စာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
2013-08-31
ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့အပြင် ကရင်တိုင်းရင်းသားတွေကလည်း ပူးပေါင်းပါဝင်ဖို့ လိုအပ်ကြောင်း KNU ကရင်အမျိုးသား အစည်းအရုံးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်က ဒီနေ့ ပြောကြားလိုက်ပါတယ်။
2013-08-31
အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် နိုင်ငံရေး အကြိုဆွေးနွေးပွဲကို ပြည်တွင်း အခြေစိုက် UNA ခေါ် ညီညွှတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က တက်ရောက်မယ်လို့ သိရပါတယ်။
2013-08-31
သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေပြန်ပေးဖို့ ပဲခူးမြို့မှာ ဒီနေ့မနက် ၁ဝ နာရီကျော်က ဆန္ဒပြခဲ့ကြတဲ့ လယ်သမားအရေးလှုပ်ရှားသူ ဦးဝင်းချိုနဲ့ လယ်သမား ၆ ယောက်ကို ပဲခူးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ပုဒ်မ ၅ဝ၅ (ခ) ဆူပူအောင်လှုံ့ဆော်မှုနဲ့ ပဲခူးထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။
2013-08-31
တစ်နိုင်ငံလုံးအနှံ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ ရရှိနိုင်ဖို့အတွက် အားလုံးက စိတ်ရှည်သည်းခံပြီး ကတိတည်ကြဖို့ လိုအပ်တယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2013-08-30
နေပြည်တော် အထက ၅ က အလယ်တန်းပြ ဒေါ်စိုးစိုးခိုင် ကို အလုပ်က ထုတ်ပယ်လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာန အင်တာနက် ဝက်ဆိုဒ်မှာ ၂၉ ရက်နေ့က ရှင်းလင်းချက်တခု တွေ့ရပါတယ်။
2013-08-30
ကယားပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု လျော့ချရေး ပညာပေးအစီအစဉ် ပထမဆုံးအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို လွိုင်ကော်မြို့နောင်ယား ရပ်ကွက်က ကက်သလစ်ဓမ္မာရုံမှာ မနေ့က ကျင်းပခဲ့ပါတယ်။
2013-08-30
မီဒီယာတွေအနေနဲ့ ဖေ့စ်ဘွတ်လို လူမှုရေး စာမျက်နှာတွေအပါအဝင် သတင်းရေးသားဖော်ပြမှုတွေမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဂရုစိုက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2013-08-30
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၈ ရက်နေ့မှာ ဆန္ဒပြခဲ့ကြသူတွေထဲက ၃ ဦးကို မြို့နယ်ရဲစခန်းက ပုဒ်မ ၁၈ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ တရားစွဲလိုက်ပါတယ်။
2013-08-30
ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ဒညင်းကုန်း၊ အောင်ဆန်း၊ စဉ့်ငူနဲ့ ဖော့ကန် ရပ်ကွက်မှာနေထိုင်တဲ့ ကျူးကျော်အိမ်ပိုင်ရှင် တစ်ရာကျော်က လက်ရှိနေရာတွေမှာ ဆက်လက်နေထိုင်ခွင့်ပြုဖို့ ဒီနေ့ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2013-08-30
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် လေးတောင်နဲ့ စကုတိုက်နယ်ဆေးရုံတွေမှာ ဆရာဝန်တွေ တာဝန်ချထားပေးဖို့ ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းထွန်းဦးက ဒီကနေ့မနက်ပိုင်းက တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။