အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားများစုစည်းဖို့ ညီလာခံကျင်းပ
2013.08.31
အမေရိကန်ပြည်ထောင်စုရောက် ရခိုင်တိုင်းရင်းသားတွေကို စုစည်းဖို့ရည်ရွယ်ချက်နဲ့ ရခိုင်အမျိုးသား ညီလာခံကို Tennessee ပြည်နယ် Nashville မြို့မှာ မနေ့ကစတင်ကျင်းပပါတယ်။ နှစ်ရက်ကြာကျင်းပမယ့် ဒီညီလာခံအကြောင်း ညီလာခံကျင်းပရေးကော်မတီပြောခွင့်ရသူ ဦးသိန်းမောင်က ပြောပြပါတယ်။
“ဒီမှာလာတက်တဲ့အများစုကတော့ အမေရိကားမှာရောက်နေတဲ့ ရခိုင်ပြည်သူတွေပေါ့၊ နောက်ဒီထဲကနေ ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီရဲ့ ဥက္ကဌ ဒေါက်တာအေးမောင်က အထူးဧည့်သည်တော်အဖြစ် ဒီအခမ်းအနားကို လာတက်ပါတယ်၊ အဓိကကတော့ အမေရိကားမှာရောက်နေတဲ့ ရခိုင်တွေရဲ့ စုစည်းမှုပုံသဏ္ဍန်တစ်ရပ်ကို ပုံဖော်ဖို့ပါ”
မနေ့ကတော့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ စုစည်းမှုကို ဘယ်လိုပုံဖော်မယ်၊ လူ့အဖွဲှစည်းမှာ တိုးတက်အောင် ဘယ်လိုလုပ်ဆောင်မယ်ဆိုတာတွေကို ရင်းရင်းနှီးနှီး ဆွေးနွေးကြတယ်လို့ ဦးသိန်းမောင်က ပြောပါတယ်။