သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-31
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သူတွေကို တရားဥပဒေနဲ့ အညီ အရေးယူယူဖို့ မြန်မာ နိုင်ငံ ရောက်နေတဲ့ ဟောလီးဝုဒ်အကျော်အမော် ရုပ်ရှင် မင်းသမီး Angelina Jolie က ကြာသပတေးနေ့က တိုက်တွန်း လိုက်ပါတယ်။
2015-07-31
မြန်မာပြည်စီးပွားရေးဆိုင်ရာ ညီလာခံတစ်ခု ရန်ကုန်မြို့မှာ မနေ့က ကျင်းပခဲ့ရာမှာ မြန်မာပြည်မှာ သယံဇာတ အရင်း အမြစ်တွေ ရင်းနှီးမှုမြှုပ်နှံစရာကဏ္ဍတွေ အများအပြားရှိပြီး အစိုးရကလည်း မြှုပ်နှံမယ့်သူတွေကို အားရဝမ်းသာကြို ဆိုနေပေမယ့် ငွေကြေး ဈေးကွက်ကို ပိုမိုဖွင့်ပေးဖို့ လိုကြောင်း နိုင်ငံခြား လုပ်ငန်းရှင်တွေက ပြောကြားခဲ့ကြ ပါတယ်။
2015-07-31
မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးရေလွှမ်းမှုတွေပိုမိုများပြားလာဖွယ် ရှိနေစဉ်မှာပဲ ရေကြီးမှုဒဏ်ကြောင့် လတ်တလော သေဆုံးသူ ၂၇ ဦးရှိပြီလို့ သိရပါတယ်။
2015-07-31
UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အထူးကိုယ်စားလှယ် ကမ္ဘာကျော်ဟောလိဝုဒ် ရုပ်ရှင်မင်းသမီး အင်ဂျလီနာဂျိုလီဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ကချင်အမျိုးသမီးအဖဲ့ွ ၇ ဖွဲ့နဲ့ မနေ့ညက တွေ့ဆုံပြီး အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုအခြေအနေကို မေးမြန်း ခဲ့ပါတယ်။
2015-07-31
သမဝါယမဝန်ကြီး ဦးကျော်ဆန်း နဲ့ ပြည်ထောင်စုဝန်ကြီး ၅ ဦးဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီကို ကိုယ်စားပြုပြီး စစ်ကိုင်းတိုင်းဒေ သကြီးအတွင်းက မဲဆန္ဒနယ်မြေတွေမှာ ဝင်ရောက်ယှဉ်ပြိုင် မှာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။
2015-07-31
တစ်နိုင်ငံလုံးအနှံ့က ရေဘေးဒုက္ခသည်တွေ အတွက် အရေးပေါ်အကူအညီပေးနိုင်ဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းနဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ အလှူငွေလိုက်လံကောက်ခံသွားမယ်လို့ ဒီနေ့ ပြောပါတယ်။
2015-07-31
ရခိုင်ပြည်နယ်မှာ ရေဘေးဒုက္ခသည် များပြားတာကြောင့် နိုင်ငံတော်အစိုးရအဖွဲ့အနေနဲ့ သီးသန့်ထောက်ပံ့ငွေနဲ့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ လိုနေပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ဒီနေ့ကြေညာ ချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-07-31
သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပြီး ဇူလိုင်လ ၃ဝ ရက်နေ့က အကျဉ်းသား ၇ ထောင် နီးပါး ပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၃ ယောက်ပဲ ပါဝင်တဲ့အတွက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်မကိုက်ညီဘူးလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တို့က ဒီနေ့ ကြေညာချက်ထုတ်ပြီး ပြစ် တင်ဝေဖန်လိုက်ပါတယ်။
2015-07-31
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်း ၇၆ ဦးကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေ ဒီနေ့မှာ ရွေးချယ်ခန့်အပ်လိုက် ပါတယ်။
2015-07-31
ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်နေတာကြောင့် စစ်ကိုင်းတိုင်း ၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီ၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ရေကြီး တာတွေ၊ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။
2015-07-31
နိုင်ငံတော်အစိုးရက အကျဉ်းထောင်အသီးသီးက အကျဉ်းသား ခုနှစ်ထောင်နီးပါးကို ဒီနေ့ လွှတ်ပေးရာမှာ နိုင်ငံရေးအရ ပြစ်ဒဏ်ကျခံရသူတွေ ဆယ်ဂဏန်းလောက်သာ ပါဝင်တယ်လို့ သိရပါတယ်။
2015-07-30
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေ တဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-07-30
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီနေ့လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၇ ထောင်နီးပါးထဲမှာ ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တာကြောင့် ထောင်ဒဏ်တစ်သက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။
2015-07-30
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသား ၇ဝဝဝ နီးပါးကို ဒီနေ့ လွှတ်ပေးရာမှာ ရန်ကုန်မြို့ အင်းစိန်ထောင်က အကျဉ်းသား ၄ဝဝ ကျော် ပါဝင်ပါတယ်။
2015-07-30
KIA ထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တဲ့အတွက် မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။