သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-30
မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အခွင့်ထူးခံလူတန်းစားတစ်ရပ်အတွက် မဟုတ်ဘဲ လူတိုင်း အတွက်ဖြစ်ရမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်ပါတယ်။
2013-06-30
The Face of Buddhist Terror ခေါင်းစဉ်နဲ့ မန္တလေး မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူကို မျက်နှာဖုံးတင် ရေးသားဖော်ပြ ထားတဲ့ ဇူလိုင်လ (၁)ရက်နေ့ ထုတ် TIME မဂ္ဂဇင်းကို သံဃာတော်တွေ အပါအဝင် အင်အား (၇၀၀) ကျော်က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ဆန္ဒပြကြပါတယ်။
2013-06-30
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင် အားကစားကွင်း မြောက်ဘက်အနီး၊ မန္တလေး-လားရှိုး ကားလမ်းမပေါ်ရပ်ထားတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးမှာ ဒီကနေ့ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
2013-06-29
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ အမေရိကန်ပြည်ထောင်စုကို ဒီရက်ပိုင်းရောက်ရှိလည်ပတ်နေကြတဲ့ ၈၈ အရေးအခင်း ကျောင်းသားခေါင်းဆောင် ၃ ဦးရဲ့ ဖြတ်သန်းမှု ကိုယ်တွေ့အဖြစ်အပျက်တချို့နဲ့ နိုင်ငံရေးအမြင်တွေကို နားဆင်ကြရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2013-06-29
ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ ဆက်လက် ကျင်းပနေတဲ့ ၈ လေးလုံး ၂၅ နှစ်ပြည့် ညီလာခံမှာ ဇွန်လ ၂၉ ရက်နေ့မနက်မှာတော့ မြို့တော်ခန်းမ မှာ စတင်ပြုလုပ်နေပြီး မနက်ပိုင်းအစီအစဉ်မှာ ကနေဒါနိုင်ငံ ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌါနရဲ့ ပါလီမန်ဆိုင်ရာ အတွင်းရေးမှူး Lois Brown တက်ရောက်ခဲ့ ပြီး ကနေဒါဝန်ကြီးချုပ် Steven Harper ရဲ့ သဝဏ်လွှာ၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Jason Kenning ရဲ့ သဝဏ်လွှာတွေ ဖတ်ကြားသွားပါတယ်။
2013-06-29
မလေးရှားနိုင်ငံမှာရှိတဲ့ ထိန်းသိမ်းရေးစခန်း ၅ ခုက မြန်မာလုပ်သား ၁၇ဝ ကျော်နဲ့ အကြမ်းဖက်ခံရမှုကြောင့် ဒဏ်ရာရရှိသူတစ်ဦးတို့ဟာ ဧရာဝတီဖောင်ဒေးရှင်းရဲ့ လေယာဉ်စင်းလုံးငှား ကူညီပေးမှု နဲ့ မြန်မာနိုင်ငံကို ဒီကနေ့ ညပိုင်းမှာ ပြန်လည်ရောက်ရှိလာ ကြမယ်လို့ သိရပါတယ်။
2013-06-29
သမ္မတ ဦးသိန်းစိန်လက်ထက် မှာ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီအုတ်မြစ်ကို ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင်သွားဖို့ သံဓိဌာန်ချထား တယ်လို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဒီကနေ့ အသိပေးပြောကြားလိုက်ပါတယ်။
2013-06-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြိန်းချောင်းကျေးရွာနဲ့ အုတ်တောင်ပြင်ကျေး ရွာက လယ်သမား ၂ဝ ဦးကို ကျေးရွာအနီး မှာ အခြေစိုက်တဲ့ ခမရ- ၅၃၉ တပ်ရင်းက တပ်ပိုင်မြေကို ကျူးကျော်ထွန်ယက်စိုက်ပျိုးမှု ပုဒ်မ ၄၄၇ နဲ့ ဒီရက်ပိုင်းမှာ တရားစွဲဆိုလိုက်တယ်လို့ သိရပါတယ်။
2013-06-29
အမျိုးသား ပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ရဲ့ တိုင်းတာချက်တွေအရ ရန်ကုန်မြို့ ရဲ့ လေထုတွင်း သန့်ရှင်းမှုဟာ ညစ်ညမ်းမှု အဆင့်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သဘောဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးပညာရှင် ဦးဝင်းမျိုးသူက ဒီကနေ့ သတိပေးပြောကြားလိုက်ပါတယ်။
2013-06-29
လက်ပံတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းခံရတဲ့ ၇ လပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသမှာ ဒေသခံရွာသား ၅ဝဝ ကျော်ဟာ တုံရွာထိပ်ကနေ ထန်းတော သစ်ဆိပ်အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။
2013-06-28
ဒီကနေ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတဲ့ မြန်မာ့နိုင်ငံရေးမှာ လွတ်လပ်ရေးမတိုင်မီခေတ်ကလိုဘဲ ဘာသာရေး၊ လူမျိုးရေးကိုအခြေခံတဲ့ အမျိုးသားရေးတွေ တကြော့ပြန်နိုးထလာတယ်ဆိုပြီးတော့ အကဲခတ်တွေကမြင်ပါတယ်။
2013-06-28
လူအချင်းချင်း အမုန်းပွားစေတဲ့ ပြောဆိုရေးသား မှုတွေကို မီဒီယာတွေကတဆင့် ဖော်ပြတာတွေဟာ အများပြည်သူတွေ ဆီရောက်နိုင်တဲ့အတွက် ဝိုင်းဝန်းကာကွယ်ကြဖို့ ဘာသာရေးခေါင်းဆောင် များနဲ့ မီဒီယာပိုင်းဆိုင်ရာ ပညာရှင်များက ပြောဆို လိုက်ကြပါတယ်။
2013-06-28
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှာ မနေ့ က ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုကြောင့် မွတ်စလင် ဒုက္ခသည်တစ်ဦး သေဆုံးခဲ့ပြီး မနေ့ညနေပိုင်းမှာ လည်း နောက်ထပ် အလောင်းတစ်လောင်း ထပ်မံတွေ့ရှိ ခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က RFA ကို ပြော ပါတယ်။
2013-06-28
ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် စစ်ပင်ကျေးရွာမှာ ရာနဲ့ချီတဲ့ ဒေသခံတောင် သူတွေဟာ လယ်ယာမြေ သိမ်းဆည်းခံရ မှုကြောင့် လယ်ယာမြေလျော်ကြေး ပြန်လည်ရရှိဖို့ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2013-06-28
မြန်မာနိုင်ငံမှာရှိတဲ့ မိုလ်ဘိုင်းဖုန်းတွေ ရဲ့ ခေါ်ဆိုခကို ဒီဘဏ္ဍာရေးနှစ်အတွင်းမှာ တစ်မိနစ် ၅ဝ ကျပ်ကနေ အဲ့ဒီထက်သက် သာတဲ့နှုန်းထားနဲ့ ထပ်မံလျော့ချသွားမယ်လို့ ဒီကနေ့ ပြည် သူ့လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။