သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-05-31
စစ်ကိုင်းပညာရေးကောလိပ်မှာ စစ်တပ်ပုံစံအတိုင်း ချုပ်ချယ်ကန့်သတ်ထားတာတွေ လျှော့ပေးပြီး ဒီမို ကရေစီပညာရေးစနစ်ကို သင်ပေးဖို့ ဆန္ဒပြတောင်း ဆိုတဲ့အတွက် ထောင် ၄ လ ချမှတ်ခံရပြီး ပြန်လွတ် လာတဲ့ ကျောင်းသား ကိုဇော်ရဲထွဋ်ကို ကာလအ ကန့်အသတ်မရှိ ကျောင်းထုတ်လိုက်တဲ့အကြောင်း မေ လ ၃၀ရက်နေ့မှာ စာပို့လိုက်ပါတယ်။
2017-05-31
နေပြည်တော်မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအကြိမ် အစည်းအဝေးမှာ ပြည်ထောင်စုမှ ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတဲ့ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲခဲ့ကြပါတယ်။
2017-05-31
ပြီးခဲ့တဲ့၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးမှာ မေ ၂၈ ရက်ဟာ ပြည်ထောင်စုက ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ အခြေခံမူနဲ့ ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးခဲ့ကြတဲ့ အထင်ကရနေ့ ဖြစ်ပါတယ်။
2017-05-31
သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာန လက်အောက်က အမှတ် ( ၂ ) သတ္ထုတွင်းလုပ်ငန်း အနေနဲ့ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကုမ္ပဏီတွေထံနေ ရွှေစင်ကြွေး ကျန် ၁၄၅ ပိဿာကျော် ရရှိဖို့ကျန်ရှိနေကြောင်း ပြည်ထောင် စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော် ပြောဆိုသွား ပါတယ်။
2017-05-31
တရားမဝင်သစ်အလွန်အကျွံ ထုတ်လုပ်ရောင်းဝယ်မှုတွေဟာ သစ်တောပြုန်းတီးမှုကိုဖြစ်စေတဲ့ အကြောင်းတွေထဲမှာ အဓိက အခန်းကဏ္ဍကပါဝင်နေ တယ်လို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောလိုက်ပါတယ်။
2017-05-31
ဆိုင်ကလုန်းမုန်တိုင်း မိုရာ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့က စုစုပေါင်း နေအိမ် ၁ ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ လူမှုဝန်ထမ်း၊ကယ် ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပြောပါတယ်။
2017-05-31
အလုပ်သမားဝန်ကြီးဌာနကနေ ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို မနေ့က တင်ပြလိုက်တဲ့ အလုပ်ရှင်အလုပ်သမား အငြင်းပွားမှု ဖြေ ရှင်းရေး ဥပဒေမူကြမ်းမှာ ပါဝင်တဲ့ အချက်၂ ချက်ကို ပြင် ဆင်ပေးဖို့ အလုပ်ရှင်တွေက တောင်းဆိုထားတယ်လို့ အထည်ချုပ်လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဒေါ်ခိုင် ခိုင်နွယ်က ပြောပါတယ်။
2017-05-31
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ အထက်မြန်မာနိုင်ငံအတွက် စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်တစ်ခု တည်ထောင်ဖို့ အစိုးရ ထံ တိုက်တွန်းကြောင်းအဆိုကို ဒီနေ့ ပြည်နယ်လွှတ်တော် က အတည်ပြုလိုက်ပါတယ်။
2017-05-31
စစ်ကိုင်းပညာရေးကောလိပ်က ကျောင်း အုပ်ချုပ်မှုစနစ်ကို ဆန္ဒပြရာမှာ ပါဝင်ခဲ့ တဲ့ ကျောင်းသား ကိုဇော်ရဲထွဋ် ကို ကျောင်း ကထုတ်ပယ်လိုက်တဲ့အတွက် ဗကသ ကျောင်းသားတွေ စုပေါင်းပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန် ကြီး ဒေါက်တာ မျိုးသိမ်းကြီး အမြန်ဆုံး နုတ်ထွက်ပေး ဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပြုလုပ်သွားမယ်လို့ ကျောင်းထုတ်ခံ လိုက်ရတဲ့ စစ်ကိုင်းပညာရေးကောလိပ် ဗကသအဖွဲ့ ဥက္ကဌ ကိုဇော်ရဲထွဋ် က ပြောပါတယ်။
2017-05-31
ကချင်ပြည်နယ် မန်စီမြို့နယ်နဲ့ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ် ထိစပ်နေတဲ့ဒေသက ရွှေလီမြစ်ကမ်းပါး ပြိုကျနေတာကို ပြည်နယ်အစိုးရ ၂ ရပ် ပူးပေါင်းပြီး ပြန်လည်ပြင်ဆင်ကြဖို့ တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ပြုလုပ်တဲ့ ကချင်ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
2017-05-31
အဂတိလိုက်စားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု ကျဆင်းဖို့အတွက် အစိုးရရုံးတွေမှာ အကြောင်းပြချက် မခိုင်လုံဘဲ ရုံးချိန်းတွေ မကြာခဏ ပြောင်းနေတာတွေကို လိုအပ်တဲ့အရေးယူမှု၊ အမိန့်ဥပဒေတွေ ချမှတ်ပေးဖို့ အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ မေလ ၃၀ရက်နေ့က ဆွေးနွေးပြီး မှတ်တမ်းတင်လိုက်ပါတယ်။
2017-05-31
မိုရာ ဆိုင်ကလုန်းမုန်တိုင်းရဲ့ အရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ ဒုက္ခသည်စခန်းတချို့နဲ့ နေအိမ်အဆောက်အဦးတွေ အမိုးလန်ပျက်စီးမှုတွေ ရှိခဲ့ပေမဲ့ ကြီးကြီးမားမားပျက်စီးမှုတွေမရှိဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။
2017-05-31
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ နန်စီပွန်လုပ်ကွက်နဲ့ မကျန်ခ မှော်လုပ်ကွက်တွေအတွင်း ကျူးကျော်နေ ထိုင်နေကြတဲ့ ရေမဆေးလုပ်သားတွေကို ဒီနေ့နောက်ဆုံးထားထွက်ခွာကြဖို့ ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အခုလ ၁၅ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
2017-05-30
၂၀၁၇ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေး ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီး သင် ပညာရေး တွဲဖက်အထက်တန်းကျောင်းက ရရှိသွားပါတယ်။
2017-05-30
နေပြည်တော်မှာ ၆ ရက်ကြာကျင်းပခဲ့ တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေးမှာ NCA အရ နိုင်ငံရေးဆွေးနွေးမှုရလဒ်တွေထဲက မူဝါဒ ၃၇ ချက် ကို ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းအဖြစ် ပထမဦးဆုံး ချုပ်ဆိုနိုင်ခဲ့ ပါတယ်။