ညီလာခံကို အခက်အခဲကြားက အောင်မြင်မှုအဖြစ် ဦးသိန်းသန်းဦး ပြောကြား
2017.05.31
ပြီးခဲ့တဲ့၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးမှာ မေ ၂၈ ရက်ဟာ ပြည်ထောင်စုက ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ အခြေခံမူနဲ့ ပတ်သက်ပြီး အကြိတ်အနယ်ဆွေးနွေးခဲ့ကြတဲ့ အထင်ကရနေ့ ဖြစ်ပါတယ်။
ညီလာခံကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် တစ်ဦးအဖြစ် ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံရေးအကျဉ်း သားဟောင်း ရှေ့နေ ဦးသိန်းသန်းဦးကတော့ ပြည်ထောင်စုရဲ့ အချုပ်အချာအာဏာနဲ့ နယ်မြေတည်တံ့မှုကို ထိပါးခြင်း မရှိပဲ၊ ဒီမိုကရေစီနည်းလမ်းတကျ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမည်ဆိုတဲ့ဘုံသဘောတူညီချက်မျိုး ချမှတ်နိုင်မယ်ဆိုရင် အောင်မြင်မှာဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် သူက အခုပြီးစီးခဲ့တဲ့ ဒုတိယအစည်းအဝေးဟာ အခက်အခဲတွေရှိခဲ့ပေမယ့် ပထမအစည်းအဝေး ထက် တိုးတက်မှုရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြောက်ပိုင်းအဖွဲ့တွေ ဆွေးနွေးနိုင်ခဲ့တာဟာ အင်မတန် အရေး ပါတဲ့ အဖြစ်အပျက်ပါပဲ၊ NLD အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သဘောမတူတာတွေ ရှိပေမယ့် ဒါဟာ ဒီမိုကရေစီလိုလားတဲ့အင်အားစုတွေအကြား က ပြသနာမျှ သာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ လက်ရှိမှာ မြန်မာပြည်အတွက် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံး ခေါင်းဆောင်ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
ရှေ့နေ ဦးသိန်းသန်းဦး နဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်း ခဲ့တာကို နားဆင်နိုင်ပါတယ်။