သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-30
မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၅ ယောက် ပြန်လည် လွတ်မြောက်ရေးအတွက် နိုင်ငံတကာ သတင်းလွတ်လပ် ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်နေ့မှာ တောင်းဆိုလှုပ်ရှားကြဖို့ AI ခေါ် နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက် တွန်းလိုက်ပါတယ်။
2015-04-30
အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူထားတဲ့ စာရင်းထဲကနေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ပထမဆုံး စီးပွားရေး လုပ်ငန်းရှင် ဦးဝင်းအောင်က စာရင်းထဲမှာ ကျန်နေသေးတဲ့ လုပ်ငန်းရှင်တွေကိုလည်း ကင်းလွတ်ခွင့်ပြုသင့်တယ်လို့ မနေ့က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
2015-04-30
မြန်မာနိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် အတွက် စိုးရိမ်စရာကောင်းတဲ့အဆင့်မှာပဲ ဆက်ပြီးရှိနေသေးတယ်လို့ အမေရိကန် အစိုးရက မနေ့ကထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။
2015-04-30
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ အမေရိကန်ကောင်စစ်ဝန် Mr. Michael Heath ဟာ ရှမ်းပြည်နယ်ထဲက စစ်ဘေး ဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ခိုလှုံနေ ထိုင်ရာ ထိုင်းမြန်မာနယ်စပ် ချင်းမိုင်ခရိုင်ရှိ ကုန်းကျော်ဒုက္ခ သည်စခန်းကို ဧပြီလ ၂၈ ရက်နေ့အင်္ဂါနေ့က သွားရောက် ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
2015-04-30
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှုဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့က တောင်သူတွေနဲ့ ရဲတပ် ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် နှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
2015-04-30
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ကို ပြန်လည်စစ်ဆေး ဖို့ ကော့စမွီခရိုင်တရားရုံး တရားသူကြီးက ဒီကနေ့ ညွှန်ကြားလိုက်ပါတယ်။
2015-04-30
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ လက်ပံတန်းကျောင်း သားသပိတ် စစ်ကြောင်းက ကျောင်းသူ ကျောင်းသား ၇၀ ကို ဒီကနေ့ သာယာဝတီတရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
2015-04-30
ချင်းပြည်နယ်မှာ တက္ကသိုလ်ပညာရေးအဆင့်ထိ သင်ကြားနိုင်အောင် တောင်းဆိုသွားဖို့ ရည်ရွယ်ပြီး နေရာ အနှံ့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ ချင်းတိုင်း ရင်းသား ကျောင်းသူကျောင်းသားတွေ စုပေါင်းပြီး မြန်မာနိုင် ငံလုံးဆိုင်ရာ ချင်းကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းလိုက် ပါတယ်။
2015-04-30
ဒီကနေ့ ဧပြီလ ၃၀ရက်နေ့မှာ သက်တမ်းကုန် ဆုံးပြီဖြစ်တဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကတည်းက သိမ်းဆည်းနေရာမှာ ဒီနေ့အထိ တစ်လအတွင်း သက်သေခံလက်မှတ်ပေါင်း သုံးသိန်း တစ်သောင်းကျော် လက်ခံရရှိထားပြီးဖြစ်တယ်လို့ ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ပြော ပါတယ်။
2015-04-30
မန္တလေးတိုင်းဒေသကြီး မြို့သာစက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနယ်မြေထဲမှာ မနေ့ က တောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွားခဲ့ပြီး တောင်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့ NLD ပါတီဝင်နှစ်ဦးကို ရဲကဖမ်းဆီးပြီး ပုဒ်မ ၁၄၃ ၊ ၁၄၇ ဥပဒေနဲ့မညီတဲ့ စုဝေးခြင်း ၊ ၅ဝ၅ (ခ)အများပြည်သူ စိုးရိမ်စေမှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။
2015-04-30
ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ တပ်မတော် (UWSP/UWSA) ဌာနချုပ်မှာ မေလ ၁ ရက်နေ့ကစပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပါဝင်တဲ့ ညီလာခံ ကျင်းပတော့မှာဖြစ်ပါတယ်။
2015-04-30
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦးနဲ့၊ လုံခြုံရေး ဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင်ဒေသခံဒေါ်ခင်ဝင်း၊ အလွတ် သတင်းထောက် ကိုပါကြီးတို့အတွက် အောင့်မေ့ ဘွယ်အခမ်းအနားကို ရန်ကုန် စမ်းချောင်းမြို့နယ် တီးတိန်ချင်း- နှစ်ခြင်းအသင်းတော် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-04-30
မန္တလေးမြို့က “ဦးပွား ဂုံးကျော်တံတား” လို့ခေါ်တဲ့ ချမ်းမြဝတီ မီးရထားဂုံးကျော်တံတားဟာ လက်ရန်းတွေ ကွဲအက်နေတဲ့အတွက် တံတားအောက်မှာ နေထိုင်ကြသူတွေနဲ့ ဖြတ်သွားဖြတ်လာတွေ စိုးရိမ်နေကြပါတယ်။
2015-04-30
ထားဝယ်မြို့က သမိုင်းဝင် ရွှေတောင်စား စေတီတော်ကို ပင့်ဆောင်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင် လှူဒါန်းပြီး၊ ကြေးပိသာချိန် တစ်သောင်းသုံးထောင်ကျော်နဲ့ သွန်းလုပ်နေတဲ့ ကြေးခေါင်းလောင်းတော်ကြီးကို လာမယ့်မေလမှာ အပြီးသတ်တော့ မှာဖြစ်ပါတယ်။
2015-04-30
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးကန်ထဲကို ရေရောက်တဲ့ အဓိက ရေသိုလှောင်ရာဖြစ်တဲ့ “အင်းခေါင်းဆည်” မှာ ရေတဖြည်းဖြည်း ခမ်းခြောက်လာတဲ့အတွက် အင်းလေးကန်ထဲကို ရေစီးဝင်မှု နည်းပါးလာနေပါတယ်။