ဖမ်းဆီးခံ သတင်းသမားတွေလွှတ်ပေးရေး AI နှိုးဆော်


2015.04.30
unity-reporter-protest-305 ယူနတီဂျာနယ် သတင်းထောက်တွေကို အလုပ်ကြမ်း နဲ့ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်တဲ့အပေါ် ကန့်ကွက်တဲ့ အနေနဲ့ သတင်းမီဒီယာသမားတွေက ဇူလိုင်လ ၁၁ ရက်နေ့ မနက်က ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှာရှိတဲ့ ကြေးသွန်း ဘုရားမှာ ဝတ်ပြုဆုတောင်းစဉ်
Photo: Nay Myo Htun,Kyaw Lwin Oo/RFA

မြန်မာနိုင်ငံမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမား ၅ ယောက် ပြန်လည်လွှတ်မြောက်ရေး အတွက် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ဖြစ် တဲ့ မေလ ၃ ရက်နေ့မှာ တောင်းဆိုလှုပ်ရှားကြဖို့ AI ခေါ် နိုင်ငံတကာလွတ် ငြိမ်းချမ်းသာခွင့်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ပခုက္ကူအကျဉ်းထောင်မှာ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ယူနတီဂျာနယ်က အယ်ဒီတာချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေဖြစ်ကြတဲ့ ဦးလူမော်နိုင်၊ ဦးရာဇာဦး၊ ဦးပိုင်သက်ကျော်နဲ့ ဦးစည်သူစိုးတို့ကို ပြန်လွှတ်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုဆောင်ရွက်ကြဖို့ AI အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာအဖွဲ့  Amnesty’s Myanmar Team က တိုက်တွန်းလွှာထုတ်ပြန်ခဲ့တာပါ။

အဲဒီ ယူနတီဂျာနယ်က သတင်းသမားတွေဟာ မကွေးတိုင်းအတွင်းက လျှို့ဝှက်ဓါတုလက်နက်စက်ရုံ တည်ဆောက်နေတယ်လို့ ယူဆရတယ်ဆိုတဲ့သတင်း ဖေါ်ပြမှုနဲ့ တရားစွဲထောင်ချခံခဲ့ရတာဖြစ်ပါတယ်။

သတင်းအလုပ်ဟာ ရာဇဝတ်မှုမဟုတ်တာကြောင့် ယူနတီသတင်းသမားတွေ ပြန်လွတ်ရေးလှုပ်ရှားမှုအနေ နဲ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ဖြစ်တဲ့ မေလ ၃ ရက်နေ့မှာ သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ရဲ့ Facebook မှာ သတင်းသမားတွေ ပြန်လွတ်ရေးတောင်းဆိုချက်တွေ ဝိုင်းဝန်းပေးပို့ကြဖို့ တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။