မြန်မာလူငယ်နှစ်ဦးရဲ့ မျိုးရိုးဗီဇပြန်လည်စစ်ဆေးဖို့ ထိုင်းတရားရုံးခွင့်ပြု
2015.04.30

ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားလူငယ်နှစ်ဦးရဲ့ မျိုးရိုးဗီဇ DNA ကို ပြန်လည်စစ်ဆေးဖို့ ကော့စမွီခရိုင် တရားရုံး တရားသူကြီးက ဒီကနေ့ ညွှန်ကြားလိုက် ပါတယ်။
ကော့စမွီခရိုင်တရားရုံးမှာ မြန်မာ ၂ ဦးရဲ့ ရှေ့နေ အဖဲ့ွက ဖမ်းဆီးခံထားရသူတွေရဲ့ DNA ကို ပြန်လည် စစ်ဆေးဖို့တင်ပြရာမှာ တရားသူကြီးက ခွင့်ပြုလိုက် တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာနိုင်ငံသံရုံးက ဖဲ့ွစည်းထားတဲ့ အထူးစုံစမ်းရေးအဖဲ့ွက ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"တရားရုံးမှာ တရားခံဘက်က ရှေ့နေတွေကနေပြီး DNA စစ်ဆေးတာကို လွတ်လပ်စွာ ပြန်လည် စစ်ဆေးပေးဖို့ တရားရုံးကို တောင်းဆိုပါတယ်၊ ဒီအချက်ကို ညနေပိုင်းမှာ တရားရုံးကခွင့်ပြုခဲ့ပါတယ်၊ DNA ပြန်စစ်တယ်ဆိုတာ အမှန်တရားပေါ်ပေါက်ဖို့ ပိုပြီးတော့မျှော်လင့်ချက်ရှိလာတယ်လို့ ဆိုရမှာဖြစ်ပါတယ်"
မြန်မာလူငယ်နှစ်ဦးရဲ့ DNA စစ်ချက်တွေကို ထိုင်းအမျိုးသားမှုခင်းဆေးသိပ္ပံဌာနထံ ပေးပို့ပြီး ပြန်လည် စစ်ဆေးမှုရလဒ်ကို စောင့်ဆိုင်းရမှာဖြစ်ပါတယ်။
သတ်ဖြတ်ခံရသူ ဗြိတိန်နိုင်ငံသားနှစ်ဦးရဲ့ သဲလွန်စကို စစ်ဆေးရာမှာ သူတို့ရဲ့ DNA နဲ့ အစွပ်စွဲခံထားရသူ မြန် မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ DNA တူနေတယ်ဆိုပြီး ထိုင်းရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ကမ္ဘာလှည့်ခရီးသွားတွေ သွားရောက်မှုများတဲ့ ကော့စမွီကျွန်းမှာ ပြီးခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား နှစ်ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ သူတိုနှစ်ဦးကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
မြန်မာလူငယ်နှစ်ဦးကို လူသတ်မှု၊ မုဒိမ်းမှု၊ ပစ္စည်းခိုးမှု၊ လုယက်မှု၊ သတင်းထိန်ချန်မှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ တရားမဝင်နေထိုင်မှု စတဲ့ စွဲချက် ၇ ခုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။
ဒီကနေ့ ကော့စမွီခရိုင် တရားရုံးထုတ်မှုကို ထိုင်းရှေ့နေများကောင်စီအဖ့ွဲ ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ ၊ တရားခံရှေ့နေ၊ ထိုင်းအစိုးရရှေ့နေနဲ့ တရားလိုပြသက်သေတို့ တက်ရောက်ခဲ့ပေမယ့် တရားလိုပြသက်သေတွေကိုတော့ စစ်ဆေးနိုင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။