သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-31
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရ တဲ့ မြန်မာနိုင်ငံဒီမိုကရေစီစဉ်ဆက်မပြတ် ထွန်းကားရေးအဖွဲ့ MDCF ခေါင်းဆောင် ကိုထင်ကျော်ကို အင်းစိန်သီးသန့်ဆောင်မှာ ရာဇဝတ် သားတွေနဲ့ တိုက်ခန်းတစ်ခုထဲမှာ အတူထားရာကနေ အခြားနိုင်ငံရေးအကျဉ်းသားတွေရှိတဲ့ တိုက်နံပါတ် (၃) ကို တနင်္လာနေ့က ပြည်လည်းပြောင်းရွှေ့ပေးလိုက်တယ်လို့ သိရပါတယ်။
2015-03-31
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့အကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသဘောတူ စာချုပ်မူကြမ်း လက်မှတ်ရေးထိုး လိုက်နိုင်ခြင်းဟာ သမိုင်းတွင်တဲ့ အောင်မြင်မှုဖြစ်ကြောင်း ကုလသမဂ္ဂက ချီးကျူးလိုက်ပါတယ်။
2015-03-31
လာမယ့် ဧပြီလအတွင်း အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်တော့မယ် လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
2015-03-31
ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်တွေက ပြောပါတယ်။
2015-03-31
မြန်မာနိုင်ငံအတွင်းကို အကြမ်းဖက် သမားတွေ ဝင်ရောက်လာမယ်ဆိုတဲ့ သတင်းရရှိထားတာကြောင့် တိုင်း နဲ့ပြည်နယ်အသီးသီးမှာ လုံခြုံရေးသတိရှိကြဖို့ ပြည်ထောင် စုအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ပြောပါတယ်။
2015-03-31
နိုင်ငံတော်သမ္မတအိမ်တော်မှာ မနက်ဖြန် ဧပြီလ ၁ ရက်နေ့ကစပြီး ပြည်တွင်း၊ ပြည်ပ သတင်းထောက် ၄၅ ဦး သတင်းရယူခွင့်ရှိ မှာဖြစ်ပါတယ်။
2015-03-31
အစိုးရဝန်ကြီးဌာန အားလုံးအပါအဝင် ဗဟို အဖွဲ့အစည်းအားလုံးရဲ့ သာမန်အသုံးစရိတ် ကို နှစ်ရာခိုင်နှုန်းလျော့ချဖို့ ဒီကနေ့ကျင်းပ တဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြူလိုက်ပါတယ်။
2015-03-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ်လ ၂၉ ရက် မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2015-03-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လည်လွှတ်ပေးဖို့နဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မတ်လ ၂၈ ရက်၊ စနေနေ့က ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2015-03-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ ဝင်တွေ နေပြည်တော်မှာ မတ်လ ၂၉ ရက်နေ့ မနေ့က နှစ်နာရီကျော်ကြာတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-03-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ ၇ ကြိမ် မြောက် ဆွေးနွေးပွဲကို ဒီကနေ့ ပြန်ပြီးကျင်းပခဲ့ ပါတယ်။
2015-03-31
တတိယအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ မန္တလေးတောင်ဟိုတယ်မှာ မတ်လ ၂၈ ရက်နေ့ကနေ မတ်လ ၃ဝ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-03-30
အမေရိကန်အစိုးရက မြန်မာအစိုးရအနေနဲ့ အမျိုးသား ပညာရေးဥပဒေပြင်ဆင်ရေး ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြခဲ့ သူတွေကို ဖမ်းဆီးပြီး ရာဇဝတ်ပြစ်မှုဆိုင်ရာ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတယ်လို့ သိရတဲ့အတွက် စိုးရိမ်ပူပန်ကြောင်း မနေ့က ထုတ်ဖေါ် ပြောကြားကာ အဲဒီသူတွေကို ချွင်းချက် မရှိ အမြန်ဆုံးပြန် လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
2015-03-30
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ကြိုးပမ်းနေကြတဲ့ အစိုးရအဖွဲ့ UPWC နဲ့ တိုင်းရင်း သားတွေရဲ့NCCT အဖွဲ့တို့ရဲ့ဆွေးနွေးပွဲ ဒီနေ့ ပြန် လည်စတင်ခဲ့ကြရာမှာ အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းမှာပါဝင်တဲ့ အချက်အားလုံးကို သဘောတူညီ မှု ရရှိခဲ့ပါတယ်။
2015-03-30
ဗုဒ္ဓဘာသာတရားတော်နှင့် မသက် ဆိုင်သော အကြောင်းအရာများ ဟောကြား တဲ့အတွက် နိုင်ငံတော် သံဃာ့မဟာ နာယကအဖွဲ့က ရွှေညဝါဆရာတော် ဦးပညာသီဟ ကို တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်း သက်ဆိုင်ရာက မတ်လ ၂၅ ရက်နေ့ နေ့စွဲနဲ့ အမိန့်စာထုတ်ပြန်ထားပါတယ်။