အစိုးရဌာန အသုံးစရိတ် ၂ ရာခိုင်နှုန်း လွှတ်တော် ဖြတ်တောက်


2015.03.31
parliament-pyitaungsu-305.jpg ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
Photo: RFA

အစိုးရဝန်ကြီးဌာန အားလုံးအပါအဝင် ဗဟိုအဖွဲ့အစည်း အားလုံးရဲ့ သာမန်အသုံးစရိတ်ကို နှစ်ရာခိုင်နှုန်းလျော့ချဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မနေ့ကကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဗဟို အဖွဲ့အစည်း ၁၁ ခုနဲ့ ဝန်ကြီးဌာန ၃၀ ရဲ့ သာမန် အသုံးစရိတ်ကို ဖြစ်တောက်ဖို့ သဘောတူခဲ့တာဖြစ်ပြီး ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ ဗဟိုအဖွဲ့အစည်းအားလုံးနဲ့ ဝန်ကြီးဌာနအားလုံးကို ၂ ရာခိုင်နှုန်းဖြတ်တောက်ဖို့ သဘောတူခဲ့တာဖြစ်တယ် လို့ ငွေစာရင်းကော်မတီဝင် ဦးစိုင်းသီဟကျော်က RFA ကိုပြောပါတယ်၊

"မနေ့တုန်းကတော့ ဆွေးနွေးတာကတော့ ဗဟိုအဖွဲ့အစည်းနဲ့ ဝန်ကြီးဌာနတချို့ပဲ ဖြတ်တောက်လျော့ချတာတွေ လုပ်ပြီးတော့ ဒီနေ့ကျတော့ ဝန်ကြီးဌာနအားလုံး ဗဟိုအဖွဲ့အစည်းအားလုံးကို နှစ်ရာခိုင်နှုန်း သာမန်အသုံး စရိတ်တွေ ဖြတ်တောက်လျော့ချဖို့ဟာကို အတိအကျ ဘယ်လောက်ဖြစ်တောက်ပါတယ်ဆိုတာကို ကျနော်တို့ ဒီနေ့ထပ်ပြီးတော့ အတည်ပြုတာပါ"

မနေ့ကတော့ ဝန်ကြီးဌာနတချို့က ဖြတ်တောက်ဖို့မသင့်ကြောင်း ဆွေးနွေးခဲ့တာတွေရှိပေမဲ့ ဒီကနေ့မှာတော့ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ဝန်ကြီးဌာနတွေက သဘောတူကြောင်း တင်ပြခဲ့ကြတယ်လို့လည်း ပြောပါတယ်၊

၂၀၁၅-၂၀၁၆ ဘတ်ဂျက်ဥပဒေကြမ်းပါ အစိုးရအသုံးစရိတ်တွေထဲက သာမန်အသုံးစရိတ်တွေဖြစ်တဲ့ ခရီးစရိတ်၊ ပစ္စည်းနဲ့ လုပ်အားခဆောင်ရွက်မှုကိစ္စ၊ ပြင်ဆင်စရိတ်၊ စက်ဆီချောဆီစရိတ်နဲ့ ဧည့်ခံကျွေးမွေးစရိတ်တွေမှာ ဝန်ကြီးဌာနတစ်ခုချင်းစီရဲ့ သာမန်အသုံးစရိတ် ဘတ်ဂျက်ထဲက ဖြတ်တောက်မှာဖြစ်ပါတယ်၊

ဒီအကြောင်း RFA အဖွဲ့သူ မသင်းသီရိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။