မြို့တော်ခန်းမရှေ့ အကြမ်းဖက်မှု စုံစမ်းရေးအစီရင်ခံစာ သမ္မတထံ တင်သွင်းမည်


2015.03.31
ygn-downtown-riot-305.jpg ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မတ်လ ၅ ရက်နေ့က လက်ပတ် အနီဝတ်ထားတဲ့သူတွေနဲ့ ကျောင်းသား၊ အရပ်သားတချို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်
Photo: Thiha Tun, Kyaw Lwin Oo/RFA

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော် မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတထံ တင်ပြမှာဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ ဝင်တွေက ပြောပါတယ်။

ပါဝင်ခဲ့သူ ၂၀ ကို စစ်ဆေးပြီး ရရှိလာတဲ့အချက် အလက်တွေနဲ့ အစီရင်ခံစာတင်တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေက ပြော ပါတယ်။

"အကြမ်းဖျင်းပြောရရင်တော့ ကျနော်တို့စစ်တာ ကတော့ စုစုပေါင်း လူ ၂ဝ ကျော်စစ်တာပေ့ါ၊ ဒီနေ့ အချောသတ်ပြီးပို့မှာ"

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကန်မြို့တော်ခန်းမရှေ့ မှာ လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲတာမလုပ်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေကို ရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ် အရပ်သားတွေက အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကို စုံစမ်းစစ်ဆေးဖို့အတွက် မတ်လ ၁၀ ရက်နေ့က ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း အပါအဝင် ၅ ဦးပါတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။

အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ ၅ ဦးနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက အဖွဲ့ဝင် ၃ ဦး စုစုပေါင်း ၈ ဦးက စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ခေါ်ယူစစ်ဆေးမှုကို မတွေ့ဆုံဘဲ ငြင်းပယ်ထားပါတယ်။

ကော်မရှင်မှာပါသူတွေနဲ့ ဖမ်းဆီးရိုက်နှက်ခံရသူတွေရဲ့ သဘောထားတွေကို RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။