သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-28
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးဆိုင်ခန်း ဖွင့်ရောင်းချနေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းလဝကရဲနဲ့ စည်ပင်ရဲ ပူးပေါင်းပြီး မနေ့ကစတင်ဖမ်းဆီးနေပါတယ်။
2017-02-28
၂၁ ရာစု ပင်လုံညီလာခံကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ မြစ်ကြီးနားမြို့ကနေ ဘီးတပ်ကုလားထိုင်တွေနဲ့ ချီတက်လာခဲ့တဲ့ ငြိမ်းချမ်းရေးတွဲလက်များအဖွဲ့ဝင် ၅၀ ကျော်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ဒီနေ့ နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2017-02-28
ကဗျာလေးတွေ၊ ပုံပြင်လေးတွေကတဆင့် မေတ္တာ၊ ကရုဏာ၊ မုဒိတာကို ကလေးတွေရင်ထဲ ထည့်ပေးသလိုဖြစ် တာကြောင့် ကလေးစာပေတိမ်ကောလာခြင်း ဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာတိမ်ကောလာဖို့ အကြောင်းရင်းတခုဖြစ်နေ ပါတယ်။
2017-02-28
မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ ဘဇား Cox’s Bazar ဒေသမှာရှိတဲ့ ရိုဟင်ဂျာမွတ်စလင်စခန်းတွေကို လာရောက်ကြည့်ရှု လိုကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရကို အကြောင်းကြားထား တယ်လို့ ဒါကာက အင်္ဂါနေ့လာတဲ့ သတင်းတပုဒ်မှာ ဖေါ်ပြ ထားပါတယ်။
2017-02-28
NLD ပါတီရဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲဟာ စစ်အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲနဲ့ အလားတူဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
2017-02-28
မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်က ကံကောင်းခြင်းရတနာအထပ်သားစက်ရုံမှာ အလုပ်ချိန်လျှော့ပေးဖို့၊ လုပ်အားခ ကိုအရင်အတိုင်းပေးဖို့နဲ့ အခြားခံစား ခွင့်တွေပေးဖို့ အလုပ်သမား ၆၀ ကျော်လောက် ဒီနေ့ သပိတ်မှောက်ဆန္ဒပြနေကြ ပါတယ်။
2017-02-28
တပ်မတော်အနေနဲ့ ၂၁ ရာစုပင်လုံ ညီလာခံကနေ ငြိမ်းချမ်းရေးရရှိမယ်လို့ ယုံကြည်ကြောင်း နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထက် မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖို့ ၁၀၀ ရာခိုင်နှုန်း မျှော်လင့်ထားကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ တပ်မတော်ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောပါတယ်။
2017-02-28
စိတ်မသန်စွမ်းသူတွေကြောင့် ပြည်တွင်း ငိမ်းချမ်းရေးမရသေးတာ ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ငြိမ်းချမ်းရေးတွဲလက်များ အဖွဲ့နဲ့ ဒီနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2017-02-28
တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေး အတွက် ဖြစ်မြောက်ရေး ကော်မတီဖွဲ့စည်းမယ့် အစီအစဉ် နဲ့ တွေ့ဆုံဆွေးနွေးခြင်းတွေကို ရက်အကန့်အသတ် မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ကျောင်းသား ကိုဇေယျာလွင် က ပြောပါတယ်။
2017-02-28
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ပါဝင်သွားတဲ့ ဒေသ ခံတောင်သူတွေအတွက် မြေယာနဲ့ သီးနှံလျော်ကြေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကျပ် သိန်းပေါင်း တစ်သိန်းနှစ်သောင်းခွဲ ထုတ်ပေးထားကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ ပါတယ်။
2017-02-28
မန္တလေးတိုင်းဒေသကြီးအတွင်းက သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိဖို့နဲ့ ပတ်သက်ပြီး မန္တလေး တိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ တောင်သူ လယ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးမှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။
2017-02-28
ပြီးခဲ့တဲ့ ၃ရက်အတွင်း ရန်ကုန်မြို့ကနေ တရားမဝင်သယ်ဆောင်လာတဲ့ သစ် တန်ချိန် ၁၈၀ ကျော်ကို မွန်ပြည်နယ်မှာ ဖမ်းဆီးရမိထားတယ်လို့ သစ်တောဦးစီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
2017-02-28
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဈေးရောင်းချနေ တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းတာဝန် ရှိသူတွေက မနေ့ကစပြီး ဖမ်းဆီးနေရာ မြန် မာနိုင်ငံသား တစ်ရာကျော်လောက် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။
2017-02-28
မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့နယ်အကြား သံလွင်မြစ်ပေါ်မှာ ဆောက်လုပ်ထားတဲ့ တံတားကို "ဗိုလ်ချုပ်အောင်ဆန်း"အမည် သတ်မှတ်ပေးဖို့ အဆိုကို ကန့်ကွက်သူရှိပေမယ့် ဆက်လက်ဆွေးနွေး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်လိုက်ပါတယ်။
2017-02-28
လစ်လပ်နေတဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ်နေ ရာမှာ အစားထိုးခန့်အပ်မယ့် ပြည်နယ် ဝန်ကြီးချုပ်ကို မနက်ဖြန်ကျင်းပမယ့် မွန်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုခန့်အပ်သွားမယ် လို့ ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ က ပြောပါတယ်။