လက်ပံတောင်းတောင်မှာ သီးနှံ နဲ့ မြေယာလျော်ကြေး ပေး ထားကြောင်း ဝန်ကြီး ပြောကြား


2017.02.28
ohnwin-620.jpg သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း ကို လွှတ်တော်မှာ တင်ပြနေစဉ်
Photo: Win Ko Ko Latt/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာအတွင်း ပါဝင်သွားတဲ့ ဒေသခံတောင်သူတွေအတွက် မြေယာနဲ့ သီးနှံလျော်ကြေးကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ကျပ်သိန်းပေါင်း တစ်သိန်းနှစ်သောင်းခွဲ ထုတ်ပေးထားကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း က ပြည်သူ့ လွှတ်တော်မှာ ဒီကနေ့ ပြောကြားခဲ့ပါတယ်။

ဆားလင်းကြီးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က  လက်ပံတောင်းတောင် ကြေးနီး စီမံကိန်း ဆောင်ရွက်ရာမှာ တောင်သူတွေရဲ့ စိုက်ပျိုးမြေတွေကို သိမ်းယူတာ၊ ကျေးရွာတွေ ရွှေ့ပြောင်းပေးရတာတ့ို ဆက်ပြီးမဖြစ်ပေါ်အောင် တားမြစ်ပေးဖု့ိ အစီအစဉ်ရှိမရှိ နဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အပြီးသတ် အစီရင် ခံစာမှာပါတဲ့ အကြံပြုချက်တွေအတိုင်း ကုမ္ပဏီတွေက လိုက်နာ ဆောင်ရွက်စေရေးတို့နဲ့ပတ်သက်ပြီး မေး ခွန်းမေးမြန်းခဲ့တာဖြစ်ပါတယ်။

အဲဒီမေးခွန်းကို ပြန်လည်ဖြေကြားရာမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့အကြံပြုချက် ၄၂ ချက်ထဲက ၃၇ ချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ပြီးဖြစ်ကြောင်းနဲ့ ကျန်ရှိနေတဲ့ အချက် ၅ ချက်ကိုလည်း ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ အဲဒီအချက်တွေမှာပါဝင်တဲ့ မြေယာလျော်ကြေးနဲ့ ထောက်ပံ့ကြေးပေးဖို့၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ က ဆောင်ရွက်ရမယ့် အစီရင်ခံစာနဲ့ သတ္ထုတွင်းပိတ်သိမ်းမှု ရန်ပုံငွေ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ သန်း ကို မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ ငွေစာရင်းဖွင့်ဖို့ လုပ်ဆောင်နေကြောင်းလည်း ဖြေကြားခဲ့ပါတယ်။

တတိယအချက်ဖြစ်တဲ့ ပုသိမ်- မုံရွာကားလမ်းဘေးက ဒေသန္တရနည်းနဲ့ ကြေးနီချက်လုပ်တဲ့နေရာတွေမှာ သီးနှံတွေစိုက်ပျိုးနိုင်ရေးအတွက် မြေရှင်းလင်းခြင်း၊ အပေါ်ယံမြေဆီလွှာ ပေါင်းထည့်ခြင်းလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၂ သန်းနီးပါ အကုန်အကျခံပြီး တာဝန်ယူလုပ်ဆောင်ပေးကြောင်း၊ စီမံကိန်းလည်ပတ်ချိန်က စတင်ပြီး ၁ နှစ်ခွဲအတွင်း နိုင်ငံတကာအသိအမှတ်ပြုလက်မှတ် ISO လက်မှတ် ၃ စောင် ရရှိနိုင်ရေး လုပ်ဆောင်နေကြောင်းနဲ့ နောက်ဆုံးအချက်အဖြစ်တဲ့ အလုပ်ခန့်ထားရေးနဲ့ ပတ်သက်ပြီး ၂၀၁၇ ခုနှစ် ဖေဖော် ဝါရီလ ၁၅ ရက်နေ့အထိ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့ နယ်အတွင်းက ဒေသခံ ၂ ထောင်ကျော်နဲ့ မြန်မာနိုင်ငံ သား ၃ ထောင်နီးပါးကို အလုပ် ခန့်ထားနိုင်ကြောင်းလည်း ဝန်ကြီးဦးအုန်းဝင်းက ပြောခဲ့ပါတယ်။

လက်ရှိလုပ်ဆောင်နေတဲ့ မြေဧက ၇ ထောင်နီးပါးအတွင်းမှာသာ စီမံကိန်းကို ဆက်လက်လုပ်ဆောင် မှာဖြစ်ကြောင်းနဲ့ နောက်ထပ်မြေတွေကို ချဲ့ထွင်သိမ်းယူအသုံးပြုဖု့ိမရှိကြောင်းလည်း ဝန်ကြီးက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။