သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-30
ကချင်ပြည်နယ်အတွင်း အခုရက်ပိုင်း မြန်မာစစ်အစိုးရရဲ့တပ်အင်အား သိသိသာသာ တိုးမြှင့်ချထားနေတဲ့အတွက် အပစ်ရပ် ကေအိုင်အို ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ မကြာခင် စစ်ပွဲတွေ ဖြစ်ပွားတော့မလား ဆိုပြီး ဒေသခံတွေက အထူး စိုးရိမ်ပူပန်နေကြတယ်လို့ မြစ်ကြီးနား မြို့ခံတွေက ပြောပါတယ်။
2010-11-30
စစ်အစိုးရရဲ့ စာနယ်ဇင်း ဆင်ဆာအဖွဲ့လို့ လူသိများတဲ့ စာပေစိစစ်ရေးနဲ့ ပုံနှိပ်ထုတ်ဝေရေး မှတ်ပုံတင်ဌာနဟာ ပါတီစုံ ရွေးကောက်ပွဲ ကျင်းပပြီးခဲ့ပေမဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အရင်ကလိုပဲ ပြန်တင်းကျပ်လာတယ်လို့ ရန်ကုန် စာနယ်ဇင်းသမားတချို့က ပြောပါတယ်။
2010-11-30
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးနဲ့ ဝေါလေဒေသတွင်းမှာ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းအထိ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ကို စစ်အစိုးရတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
2010-11-30
မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။
2010-11-30
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၃၀ ရက် ဒီကနေ့ မနက်ပိုင်းက ဗိုလ်ချုပ် အောင်ဆန်းဈေးကို သားဖြစ်သူနဲ့ အတူ သွားရောက်ရာမှာ ရာဂဏန်းရှိတဲ့ လူထုက နှုတ်ဆက်ကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူလိုက်ပါသွားသူတွေက ပြောပြပါတယ်။
2010-11-30
မြန်မာနိုင်ငံက တင်ပို့တယ် ဆိုတဲ့ သစ်လုံးတွေဟာ ထိုင်းပြည်တွင်းမှာ ဥပဒေမဲ့ ခုတ်လှဲတဲ့သစ်တွေ ဟုတ်မဟုတ် စစ်ဆေးတော့မယ် လို့ ထိုင်း အမျိုးသားသယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး က ပြောဆိုလိုက်ကြောင်း ဗန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။
2010-11-30
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် Foreign Policy နိုင်ငံတကာရေးရာ မူဝါဒ မဂ္ဂဇင်းက ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင် တွေးခေါ်ရှင် ၁၀၀ စာရင်းမှာ တဦးအဖြစ် ထည့်သွင်း ဂုဏ်ပြု လိုက်ပါတယ်။
2010-11-30
နိုင်ငံရေးအသွင် ကူးပြောင်းမှုနဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ပါဝင်ထိုက်သူုအားလုံး ပါဝင်နိုင်မှု အပေါ် အခြေခံရမှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာ စစ်အစိုးရကို ပြောဆိုခဲ့ကြောင်း နိုဝင်ဘာ ၂၉ ရက် တနင်္လာနေ့က နယူးရောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq က ပြောပါတယ်။
2010-11-29
ရွေးကောက်ပွဲအနိုင်ရထားတဲ့ စစ်အစိုးရ ဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဝန်ကြီး ဦးအောင်သောင်းတို့အဖွဲ့က ကချင်ပြည်နယ် ခရီးစဉ် ရှိတဲ့အတွက် မြစ်ကြီးနားမြို့မှာ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2010-11-29
စစ်တွေ အမ်း ရထားလမ်းကို မြောက်ဦးမြို့ ကိုးသောင်းဘုရားပုထိုးနဲ့ ကိုက် ၅၀၀ အကွာက ဖောက်လုပ်မဲ့ လမ်းကြောင်းအစား တခြားလမ်းက လမ်းလွှဲဖောက်လုပ်ဖို့ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားချက် ထုတ်ပြန် လိုက်ကြောင်းသိရပါတယ်။
2010-11-29
ထိုင်း-မြန်မာနယ်စပ်နဲ့နီးတဲ့ ကရင်ပြည်နယ် ဖလူးဒေသမှာ ဒီကေဘီအေ တပ်မဟာ ၅ တပ်တွေ နဲ့ စစ်အစိုးရတပ်တွေအကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတာ ၃ ရက်မြောက် ရှိသွားပြီလို့ ဒီကေဘီအေ တပ်မှူးတွေက RFA ကို ပြောပါတယ်။
2010-11-29
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် လူစည်ကားတဲ့ မြိုလယ်ခေါင်မှာ နိုဝင်ဘာ ၂၈ ရက် မနေ့က မြန်မာ-အမေရိကန် ကလေးလူငယ်တွေ စုပေါင်းပြီး ပြည်တွင်းက HIV-AIDS ဝေဒနာသည်တွေအတွက် ရန်ပုံငွေရှာဖွေပွဲ စတင် ကျင်းပခဲ့ပါတယ်။
2010-11-29
နိုင်ငံရေးအကျဉ်းသမားတွေရဲ့ မိသားစု ဝင်တွေကို ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၂၉ ရက် ဒီကနေ့ တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေသာ မကပဲ အကျဉ်းသား မိသားစုတွေရဲ့ သာရေးနာရေး ကိစ္စတွေကိုပါ ကူညီ ဆောင်ရွက်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ကတိပေး ပြောဆိုသွားတယ်လို့ သိရပါတယ်။
2010-11-28
မန္တလေး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ၄ ကြိမ်မြောက် ကထိန်ပွဲကို စစ်ကိုင်း ဘုန်းကြီးကျောင်း တကျောင်းမှာ ဒီကနေ့ ကျင်းပကြပါတယ်။
2010-11-28
မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ရွေးကောက်ပွဲ မသမာမှုနဲ့ ပတ်သက်လို့ ဝေဖန် စွပ်စွဲတာတွေကို ဖြေရှင်းဖို့၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက် ကောင်းမွန်လာရေးအတွက် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။