ရွေးကောက်ပွဲမသမာမှုများ ကုလကိုယ်စားလှယ်ကို ပါတီများ တင်ပြ

မြန်မာနိုင်ငံကို ၂ ရက်ကြာ အလည်အပတ် လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူး အကြံပေးအရာရှိ မစ္စတာ ဗီဂျေ နမ်ဘီယာဟာ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတချို့ကို တွေ့ဆုံပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကို ဆွေးနွေးမေးမြန်းခဲ့ပါတယ်။

2010.11.30
un_ban_ki-moon_anti-election_305_z.png ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အာရှခရီးစဉ်အတွင်း ပထမဆုံး ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ အောက်တိုဘာ ၂၆ ရက်နေ့က ရောက်ရှိလာစဉ် ကုလသမဂ္ဂ ရုံးအဆောက်အအုံ ရှေ့တွင် မြန်မာ့အရေး တောင်းဆိုဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ရွေးကောက်ပွဲရဲ့ တရားမမျှတမှုတွေ၊ ဒီမတရားမှုတွေကို ဥပဒေကြောင်းအရ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြထားတာတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေက ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စစ်အစိုးရကို တစုံတရာ ပြောဆို ဆောင်ရွက်ခြင်း မရှိတာတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကလည်း မစ္စတာ နမ်ဘီယာက အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပါတီရဲ့ရှေ့လုပ်ငန်းစဉ်တွေကို မေးမြန်းခဲ့တဲ့အကြောင်း၊ NDF ဖက်ကလည်း မြန်မာ့အရေးအတွက် ကုလသမဂ္ဂက ထိထိရောက်ရောက် အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုကြောင်းတွေ ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေနဲ့ NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းကို ဆက်သွယ်မေးမြန်းပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

စုစည်းတင်ပြချက်
အသံဖိုင်ယူရန်

တချိန်တည်းမှာလည်း ရွေးကောက်ပွဲကာလတုန်းက ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ မသမာမှုတွေကို ဖော်ထုတ်ဖို့ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက စစ်တမ်း လိုက်ကောက်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်ကို အဓိကထားပြီး စစ်တမ်း ကောက်ယူနေတာ ဖြစ်ပြီး စစ်မှန်ပြီး လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဟုတ်ခဲ့ဘူး ဆိုတာကို လူအများသိအောင် ခုလို လုပ်ရတာ ဖြစ်တယ်လို့ SNLD ပါတီ ခေါင်းဆောင်တယောက် ဖြစ်တဲ့ ဦးစိုင်းလိတ်က RFA ကို ပြောပါတယ်။

ဒီအကြောင်းအသေးစိတ်ကို RFA သတင်းထောက်ကို ရဲထက်က သတင်းပေးပို့ထားပါတယ်။

သတင်းပေးပို့ချက်။
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။