သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-31
ကမ္ဘာတလွှားနိုင်ငံတွေရဲ့ လွတ်လပ်မှု အခြေအနေဟာ ပြီးခဲ့တဲ့ ၁၁ နှစ်မှာ နိုင်ငံအများစုက တောက်လျှောက်ဆုတ်ယုတ်မှုကို ပြခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စုအခြေစိုက် Freedom House အဖွဲ့က မနေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြလိုက် ပါတယ်။
2017-01-31
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ ထားဝယ်မြို့ မှာ နိုင်ငံကူးလက်မှတ်လုပ်ကိုင်မယ့် မြန်မာ အလုပ်သမား ၈၀ ကို နယ်မြေဖြတ်ကျော်မှုနဲ့ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဒီကနေ့မှာ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ ထိုင်းတရားရုံးက အမိန့်ချလိုက်တယ်လို့ သိရပါတယ်။
2017-01-31
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် မှာ ဖွင့်လှစ်ထားတဲ့ City Center Game ဆိုင်က ဝန်ထမ်း ၁၉ ဦးကို လောင်းကစားဒိုင်အဖြစ် အမှုဖွင့်ဖမ်းဆီးထားတဲ့အကြောင်း ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်း ၁၉ ဦးရဲ့ မိသားစုဝင်တွေက ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
2017-01-31
ဇန်နဝါရီလ ၂၉ရက်နေ့က လုပ်ကြံ သတ်ဖြတ်ခံလိုက် ရပြီး သေဆုံးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်း တို့အတွက် ဝမ်းနည်းကြောင်းနဲ့ အကြမ်း ဖက်မှုတွေကို ကန့်ကွက်ရှုတ်ချကြောင်း အမျိုး၊ ဘာသာ၊ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) က ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။
2017-01-31
ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း အားလုံးကို ရပ်ဆိုင်းပြီး မူလနေရပ်မှာ အမြန်ဆုံးပြန်လည်နေထိုင်လိုကြောင်း တန်ဖရဲ၊ မလိယန် စတဲ့ မြစ်ဆုံဒေသခံ ၂၀ ကျော်က မြစ်ကြီး နားမြို့ Palm Spring Hotel ရှေ့မှာ ဒီကနေ့ ဆန္ဒပြတောင်း ဆိုကြပါတယ်။
2017-01-31
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ဒီနေ့ တင်ပြရမယ့် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ်အရေး စုံစမ်းစစ်ဆေးရေးကော် မရှင်အဖွဲ့ရဲ့ အစီရင်ခံစာကို သမ္မတအမိန့်နဲ့ နောက်ထပ် ရက်တိုးသတ်မှတ်ပေးလိုက်ပါတယ်။
2017-01-31
တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နဲ့ မာလူကူပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၄ နှစ် လောက်က ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ပဋိပက္ခကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တဲ့ နည်းလမ်းတွေကို တစ်ပတ်ကြာ သွားရောက်လေ့လာခဲ့ပြီး မနေ့ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ်ကို ရောက်ရှိချိန်မှာ သေနတ်သမား တစ်ဦးရဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
2017-01-31
ငြိမ်းချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေးဟာ ဒွန်တွဲနေတာမို့ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ တရားဥပဒေစိုးမိုးရေးမရှိသလို ဖြစ်နေတတ်ပါတယ်။
2017-01-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတာဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှု အားနည်းနေကြောင်း နဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံမှု ကင်းမဲ့နေတာကို ပြလိုက်တာဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။
2017-01-31
ရှေ့နေဦးကိုနီ သေဆုံးမှုအပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တချို့က ဖဲကြိုးနက်တွေ ဝတ်ဆင်ပြီး ဒီနေ့ လွှတ်တော် တက်ရောက်ခဲ့ကြပါတယ်။
2017-01-31
သေနတ်သမားတဦး အနီးကပ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ ဇန်နဝါရီလ (၃ဝ) ရက်နေ့၊ ဒီနေ့ ညနေ သဂြိုလ်ခဲ့ပါတယ်။
2017-01-31
တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုဟာ နိုင်ငံရေးအရ လုပ်ကြံမှုဖြစ်နိုင်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးအဖွဲ့ဝင် စာရေးဆရာ မုံရွာအောင်ရှင် က ပြောပါတယ်။
2017-01-31
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ ရှိချက်တွေနဲ့ နောက်ကွယ် က အကြောင်း အရင်းတွေရှိမယ်ဆိုရင် စစ်ဆေးဖော် ထုတ်ပြီး အများပြည်သူ သိရှိအောင် ထုတ်ပြန်ပေးဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေး က ပြောပါတယ်။
2017-01-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဥပဒေအကြံပေးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ အင်ဒိုနီး ရှားနိုင်ငံခရီးစဉ်ကနေ ပြန်လာပြီး ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က လုပ်ကြံခံလိုက်ရပါတယ်။
2017-01-30
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို အနီးကပ် လုပ်ကြံမှုဟာ နိုင်ငံတော်အတွင်း တည်ငြိမ်အေး ချမ်းမှု ပျက်ပြားအောင် ရည်ရွယ်ဆောင်ရွက်ကြောင်း သုံးသပ်တွေ့ရှိတယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။