သူရဦးတင်ဦးနဲ့ ဦးဝင်းထိန်ပြောကြားချက်
2017.01.31
သေနတ်သမားတဦး အနီးကပ်လုပ်ကြံမှုကြောင့် သေဆုံးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ ရုပ်အလောင်းကို ရေဝေးသုဿန်မှာရှိတဲ့ အစ္စလာမ်သင်္ချိုင်းမှာ ဇန်နဝါရီလ (၃ဝ) ရက်နေ့၊ ဒီနေ့ ညနေ သဂြိုလ်ခဲ့ပါတယ်။ NLD ပါတီရဲ့ ဥပဒေအကြံပေးဦးကိုနီ သေဆုံးမှုအပေါ် ပါတီနာယက သူရဦးတင်ဦး နဲ့ ဦးဝင်းထိန်တို့ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။