ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု မေးမြန်းချက်


2017.01.31

တရားလွှတ်တော်ရှေ့နေ ဦးကိုနီဟာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နဲ့ မာလူကူပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၄ နှစ် လောက်က ဖြစ်ပွားခဲ့တဲ့ ခရစ်ယာန်နဲ့ အစ္စလာမ်ဘာသာဝင်တွေအကြား ပဋိပက္ခကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့တဲ့ နည်းလမ်းတွေကို တစ်ပတ်ကြာ သွားရောက်လေ့လာခဲ့ပြီး မနေ့ညနေ ၅ နာရီခန့်က ရန်ကုန်လေဆိပ်ကို ရောက်ရှိချိန်မှာ သေနတ်သမားတစ်ဦးရဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားခရီးစဉ်မှာ လိုက်ပါခဲ့ပြီး ဦးကိုနီ သေနတ်ပစ်ခံရချိန်မှာ အနီးအနားမှာ ရှိနေတဲ့ စစ်တွေမြို့နယ်က ဦးတင်လှိုင်ကို သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။