သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-01-31
၄ နှစ် တကြိမ် စိစစ်သုံးသပ်တဲ့ UPR ဆွေးနွေးပွဲရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းဆုံးဖြတ်ချက်ကို ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဒေသစံတော်ချိန် ၁၂ နာရီက ကျင်းပခဲ့ပါတယ်။
2011-01-31
လွှတ်တော်အစည်းအဝေးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းရယူဖို့ နေပြည်တော်မှာ ရောက်ရှိနေကြတဲ့ ပြည်တွင်း ဂျာနယ် သတင်းထောက်တွေကို လုံခြုံရေးရဲတွေ အထူးတင်းကျပ်ထားတဲ့အတွက် ဓာတ်ပုံရိုက်ခွင့်၊ သတင်းယူခွင့် မရရှိကြဘူးလို့ သိရပါတယ်။
2011-01-31
ဒီကနေ့ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက အာရှ လစ်ဘရယ်ဒီမိုကရက် လွှတ်တော်အမတ်များ အဖွဲ့(CALD) ဥက္ကဋ္ဌနဲ့ အဖွဲ့ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နေအိမ်မှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိပါတယ်။
2011-01-31
၂၀၁၀ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ပထမဆုံးနေ့အဖြစ် နေပြည်တော်မှာ လွှတ်တော် ခေါ်ယူကျင်းခဲ့ပါတယ်။ အမျိုးသားလွှတ်တော်နဲ့ ပြည်ထောင်စု လွှတ်တော် နှစ်ရပ်လုံး ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။
2011-01-31
ပြည်သူ့လွှတ်တော်သစ် ကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာနဲ့ အမျိုးသား ရင်ကြားစေ့ရေး ကိစ္စ ဖြေရှင်းနိုင်တဲ့ အခင်းအကျင်း မဟုတ်သေးဘူးလို့ မြန်မာ့ရန်ပုံငွေအဖွဲ့ ကုလသမဂ္ဂရုံးက တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
2011-01-30
မနက်ဖြန် စတင်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးအတွက် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ ပါတီကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ နေပြည်တော်ကို ရောက်ရှိနေကြပါတယ်။
2011-01-30
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ မော်လ်ဒိုက်နိုင်ငံက ဝေဖန်လိုက်ပြီး သိသာ ထင်ရှားပြီး အနှစ်သာရအရ လက်တွေ့ကျတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
2011-01-30
မြန်မာနိုင်ငံမှာ နှစ် ၄ဝ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီလ ၃၁ ရက်နေ့ စတင် ကျင်းပမယ့် လွှတ်တော် အစည်းအဝေး အတွက် ပုဂ္ဂလိက သတင်းမီဒီယာတွေကို သတင်းရယူခွင့် ပိတ်ပင်ထားတယ်လို့ RFA က စုံစမ်းသိရပါတယ်။
2011-01-30
အခုတပတ် ဦးခင်မောင်ညိန်း စီစဉ်တင်ဆက်တဲ့ တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက စီစဉ်တဲ့ ဗုဒ္ဓဘာသာ သာသနာ့နုဂ္ဂဟ အသင်း ဖွဲ့စည်းဖို့ လူအားငွေအား စုဆောင်းနေတဲ့ ကိစ္စ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီရဲ့ အစီအစဉ်နဲ့ပဲ သံဃာတပါးက ဖွင့်လှစ်နေတဲ့ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း ဆိုတာတွေ အကြောင်းကို အခြေပြု ဆွေးနွေးထားကြပါတယ်။
2011-01-29
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအပြီး အောက်တိုဘာလအတွင်း ရန်ကုန် ဒဂုံစင်တာရှေ့မှာ အဖမ်းခံခဲ့ရတဲ့ ရခိုင်လူငယ် ကိုတင်ထူးအောင်ဟာ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်မှာ ခါးနာဝေဒနာ ခံစားနေရသလို ခေါင်းပေါ်မှာလည်း ထောင်တွင်း အရေပြားရောဂါ စွဲကပ်နေပြီး ဆေးရုံတက် ကုသဖို့ လိုအပ်နေပေမယ့် ထောင်အာဏာပိုင်တွေက ဘာမှလုပ်မပေးဘဲ လအတန်ကြာ ဒီအတိုင်း ထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2011-01-29
ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ပြည်နယ်လွှတ်တော် တက်ရောက်ဖို့ ရောက်ရှိနေတဲ့ ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP က ပြည်နယ်အမတ်တွေအတွက် စစ်အစိုးရက ထုတ်ပေးတဲ့ နေ့တွက်ငွေဟာ လုံလောက်မှု မရှိဘူးလို့ သိရပါတယ်။
2011-01-29
၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်တွေနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ လာမယ့် တနင်္လာနေ့မှာ လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်နေကြပါပြီ။
2011-01-29
စစ်အစိုးရရဲ့ လုပ်ရပ်တချို့ကို လက်မခံ နိုင်ပေမယ့် တပ်မတော်အပေါ် မုန်းတီး ရန်လိုစိတ် မရှိတာကို တပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်မတော်သား တွေ သဘောပေါက်ရင် တိုင်းပြည်အတွက် ပူးပေါင်း ဆောင်ရွက်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို နားဆင်ရမှာပါ။
2011-01-29
ကမ္ဘာ့အသိုင်းအဝိုင်းမှာ တက်တက်ကြွကြွ ပါဝင် နိုင်ဖို့အတွက် မြန်မာနိုင်ငံမှာ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံရေး တည်ငြိမ်မှုနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုတွေ ရရှိဖို့ လိုအပ်ကြောင်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ စီးပွားရေးညီလာခံကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားလိုက်ပါတယ်၊
2011-01-26
ထိုင်းနိုင်ငံတောင်ပိုင်းကို ဇန်နဝါရီ ၂၂ နဲ့ ၂၃ ပြီးခဲ့တဲ့ စနေနဲ့ တနင်္ဂနွေနေ့တွေက ရောက်လာခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်လှေတွေဟာ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအပြီး ဘာသာရေး နိုင်ငံရေး တင်းကျပ်မှုတွေ ရှိလာတဲ့အတွက် ပွဲစားတွေက တဆင့် မလေးရှားကို လာရောက်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။