လွှတ်တော်အစည်းအဝေးကို သတင်းထောက်များ သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့်မရ

လွှတ်တော်အစည်းအဝေးအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သတင်းရယူဖို့ နေပြည်တော်မှာ ရောက်ရှိနေကြတဲ့ ပြည်တွင်း ဂျာနယ် သတင်းထောက်တွေကို လုံခြုံရေးရဲတွေ အထူးတင်းကျပ်ထားတဲ့အတွက် ဓာတ်ပုံရိုက်ခွင့်၊ သတင်းယူခွင့် မရရှိကြဘူးလို့ သိရပါတယ်။

2011.01.31
parliament_security_naypyidaw_305_z.png အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ဇန်နဝါရီ ၃၁ ရက်နေ့က ပထမဆုံး လွှတ်တော် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ လိုက်ပါလာသော ဘတ်စ်ကားကို လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေး ရှာဖွေနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တချို့ကတော့ လွှတ်တော်အဆောက်အဦ အပြင်ဖက်ကနေ လွှတ်တော်ကိုယ်စားလှယ်တွေ အဝင်အထွက်မှာ မေးမြန်းပြီး သတင်းယူနေကြတယ်လို့ နိုင်ငံခြားသတင်း ဌာနက ကိုယ်စားလှယ်တဦးဖြစ်သူ ဦးကိုကို-စက်မှုတက္ကသိုလ်က ပြောပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို မေးမြန်းတာပေါ့။ ဒီ အဝင်အထွက်ကလေးတွေ၊ အဲ ကျွန်တော်တို့ ဟိုဟာပေါ့၊ ဒါမှမဟုတ်လည်း ဟမ်းဖုန်းကို ဖုန်းဆက်မေးတာတို့ ဘာတို့ အဲဒါတွေ လုပ်နေကြတယ်”

စစ်အစိုးရဟာ ပြည်တွင်းပြည်ပ သတင်းထောက်တွေကို အခုကျင်းပနေတဲ့ လွှတ်တော်မှာ တက်ရောက် သတင်းခွင့် ပိတ်ပင်ထားတဲ့အတွက် စာနယ်ဇင်း အဖွဲ့အစည်းတွေက ပြစ်တင်ဝေဖန်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။