သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-24
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်အတွင်းက ကြာညှပ်ကျေးရွာ မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲစခန်းမှူးတို့က တရားမဝင် နွားခိုးထုတ်နေသူတွေဆီကနေ နွားဖြတ်သန်းသွားလာမှုအတွက် ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2015-12-24
NLD ပါတီက ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တွေကို နေပြည်တော်မှာ သင်တန်းပေးရာမှာ ထူးကုမ္ပဏီ ဦးတေဇ ရဲ့ ရွှေစံအိမ်ဟိုတယ်ကို အသုံးပြုခွင့်ပြုခဲ့တဲ့ကိစ္စ၊ အဲ့ဒီနောက် သင်တန်းကို တခြားနေရာရွှေ့ပြောင်းခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ဦးတေဇက ထူးကုမ္ပဏီဝန်ထမ်းတွေကို ရှင်းလင်းတဲ့ စာတစ်စောင်ကို ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
2015-12-24
အစိုးရသစ် စတင်ချိန်မှာ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုအဆင့် တရားသူကြီးတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးက တရားသူကြီးစုစုပေါင်း ၆ဝ လောက်ကို အစားထိုးခန့်အပ်နိုင် ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဆောင် ရွက်နေပြီလို့ သိရပါတယ်။
2015-12-24
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံ သားနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံကော့စမွီခရိုင်တရားရုံးက ဒီနေ့ သေဒဏ် ချမှတ်လိုက်တဲ့အပေါ် မြန်မာသံရုံး အထူးအဖွဲ့က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ သိရပါတယ်။
2015-12-24
ဒီကနေ့ နေပြည်တော် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ကျင်းပရာမှာ အစိုးရဝန်ကြီး ၂ဝ လောက်က ထပ်တိုးတင်ပြတောင်းဆိုထားတဲ့ ဘက်ဂျက်ဆိုင်ရာအစီရင်ခံစာတွေနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးဖို့မရှိကြတဲ့အတွက် လွှတ်တော်အစည်းအဝေးဟာ ၁၅ မိနစ်လောက်သာကြာပြီး ပြီးဆုံးခဲ့ပါတယ်။
2015-12-24
ဖားကန့်ဒေသမှာ ဒီဇင်ဘာလပိုင်းအတွင်း မြန်မာ-တရုတ်နယ်စပ်ကနေ မြေသယ်ကားကြီးတွေ ဖားကန့်ဒေသကို အများအပြား ဝင်ရောက်လာ တာတွေကြောင့် ဒေသခံတွေက ဝိုင်းဝန်းကန့်ကွက် ရာကနေ ကန့်ကွက်တဲ့ ဒေသခံ ၇ ဦး ကို ကေအိုင်အေ တပ်ရင်း ၆ က ခေါ်ဆောင်သွား ခဲ့ရာမှာ မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။
2015-12-24
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင် ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဌ ဝန်ကြီးဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ကို ဒီနေ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်းထဲက တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းကော်မတီ အဆောင်မှာ တွေ့ဆုံပြီး လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။
2015-12-23
ရှမ်းပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့အတွက် ရန်ကုန်အခြေစိုက် "ငြိမ်းချမ်းရေး ရှိုက်သံ" ဂီတအဖွဲ့နဲ့ လားရှိုးမြို့က အရပ်ဖက်အဖွဲ့ အစည်းတွေ၊ ကဗျာဆရာတွေ ပူးပေါင်းပြီး လားရှိုးမြို့မှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနေ့က အလှူခံခဲ့ကြပါတယ်။
2015-12-23
ခရစ်စမတ်နေ့အကြို ဘာသာပေါင်းစုံ ညစာစားပွဲကို ပဲခူးမြို့က မြန်မာ-နှစ်ခြင်း ခရစ်ယာန်အသင်းတော် ကျောင်းမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-12-23
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ ပတ်သက်လို့ အငြင်းပွားစရာ သတင်းတစ်ပုဒ်ကို မော်ဒန်ဂျာနယ်က ဖော်ပြခဲ့တာဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတယ်ဆိုပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားပါတယ်။
2015-12-23
ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ဒေါတမကြီးကျေးရွာဟာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ -KNPP နဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး မယူခင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ရွာ ဖြစ်ပါတယ်။
2015-12-23
ထိုင်းမြန်မာနယ်စပ်က ကရင်ဒုက္ခသည် ၂၂ ယောက်ကို တောင်ကိုးရီးယားနိုင်ငံ မှာ ပြောင်းရွှေ့အခြေချ နေထိုင်ဖို့ခွင့်ပြုလိုက်တဲ့အတွက် မနေ့က ဆိုးလ်မြို့ကိုရောက်ရှိသွားပြီလို့ ကိုရီးယားပိုင် Yonhap သတင်းမှာ ဖေါ်ပြလိုက်ပါတယ်။
2015-12-23
ဒီမိုကရေစီပညာရေး တောင်းဆိုလှုပ်ရှား မှုတွေကြောင့် ထောင်ချခံရပြီးပြန်လွတ်လာ တဲ့ ကျောင်းသား ၃ ယောက်နဲ့ ထောင်ထဲမှာ ကျန်နေသေးတဲ့ ကျောင်းသား ၁ ယောက်၊ စုစုပေါင်း ၄ ယောက်ကို သူတို့တက်ခဲ့တဲ့ ရတနာပုံတက္ကသိုလ် က နိုင်ငံရေးဆူပူလှုံဆော်ရေးသမားတွေအဖြစ် သတ်မှတ်ပြီး ကျောင်းဆက်တက်ခွင့်ပိတ်ပင်လိုက် ပါတယ်။
2015-12-23
သမ္မတဟောင်းတစ်ယောက်ကို သူတာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်က ဆောင်ရွက်ချက်တွေနဲ့ ပတ်သက် လို့ တရားစွဲအရေးယူတာမရှိစေရဆိုတဲ့ ဥပဒေကို မြန်မာ့ လွှတ်တော်တွေအနေနဲ့ လက်မခံပယ်ချသင့်တယ်လို့ Human Rights Watch ခေါ် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က မနေ့က ပြောလိုက်ပါတယ်။
2015-12-23
နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့သူရဲ့ လုံခြုံရေးဥပဒေကြမ်းနဲ့ လွှတ်တော်အမတ်တွေ နိုင်ငံရေးပင်စင်ယူမယ့်ကိစ္စအပါအဝင် လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ရှေ့နေကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်းကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။